Vol 5🐉62🐉 ရေနွေးအိုး

87 15 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (62)
ရေနွေးအိုး

ဝူရှဲ့ အဲဒါကို ကြည့်လိုက်တော့ ခပ်သေးသေး လူရဲ့ဦးခေါင်းနဲ့ တူတယ်လို့ ခံစားမိပေမယ့် ၎င်းမှာ အနက်ရောင် ရွှံ့တွေနဲ့ ဖုံးလွှမ်းနေပြီး ပါးလွှာတဲ့ မုတ်ဆိတ်မွေးနဲ့တူတဲ့ အရာတွေနဲ့လည်း ဝန်းရံထားသေးသည်။

ဝူရှဲ့: "ဘာကောင်​ကြီးလဲ?"

ဖက်တီးလည်း လွှင့်ပစ်လိုက်သည်။ ဤတော့မှ ထိုအရာက ကြီးကြီးမားမား မဟုတ်တာကို တွေ့လိုက်ရ၏။ အပြင်ဘက်မှာရှိတဲ့ အနက်ရောင် ရွှံ့တွေကို ဆေးကြောပြီးသော် အတွင်းဘက်၌ စိမ်းစိုနေတဲ့ ရေညှိနဲ့ သံချေးတက်သွားတာကို တွေ့လိုက်ရသည်။

ဝူရှဲ့ အဲဒါကိုယူကာ ခါယမ်းကြည့်ပြီး ပြောလိုက်သည်။

"င-ိုး! ရေနွေးအိုးဟ!!"

"ရေနွေးအိုး?"

"ပုံစံဟောင်း... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ရှိခဲ့ဖူးတာ ဖြစ်မယ်...သူ့အသွင်အပြင်ကို ကြည့်လိုက်တာနဲ့ကို ပြောပြလို့ရတယ်....ငါ့အိမ်မှာတောင် တစ်လုံးပဲ ကျန်တော့တယ်... ကြည့် ဒီပေါ်မှာ စာလုံးရှိတယ်..."

ဝူရှဲ့ ပြောရင်း ရေအိုးကို လှန်လိုက်သည်။ ရေနွေးအိုး၏ အောက်ခြေတွင် ရိုက်နှိပ်ထားသော စကားလုံးများ တန်းစီနေသည်မှာ အမှန်ပင် နက်နဲ​နေတာမျိုး မဟုတ်သောကြောင့် ထုတ်လုပ်သည့် နေရာမှာ ပို၍ပင် မသဲကွဲတော့ပေ။

တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ပြီး ကိုယ့်ဘာသာကိုယ် တွေးကြည့်ကြကာ ဘာဖြစ်နေတာလဲ။ ဒီရေနွေးအိုးက ဒီတွင်းကနေ ဘယ်လိုလုပ် လွင့်ပျံလာနိုင်မှာလဲ။ ရေအောက်မှာရှိတဲ့ နေရာက ကျောက်စရစ်တွေနဲ့ အိုးခွက်တွေသာ။ မြစ်အောက်ခြေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဘယ်လိုပုံစံလဲဆိုတာ မသိပေမယ့် လွန်ခဲ့တဲ့ နှစ်ရာကျော်က ရေနွေးအိုး ဒီမှာရှိနေခဲ့တယ်ဆို ဘယ်လိုဖြစ်တာလဲ။

ဖက်တီး: “ဒီကို ထွက်ပြေးလာတဲ့ ဂူဖောက်သမားတွေနဲ့ ပတ်သက်နေမလားပေါ့”

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now