Vol 5🐉23🐉ဒုတိယည - အရိပ်လှုပ်ရှားမှု

92 17 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (23)
ဒုတိယည - အရိပ်လှုပ်ရှားမှု

မီးခြစ်က ကောင်းနေသေးသည်။ မီးလောင်ပြီးနောက် အမြန် မီးငြိမ်းသွားမှာ ဖြစ်သော်လည်း ပြဿနာမှာ မီးကို မမြင်ရဘဲ သူ့ရှေ့က အရာအားလုံးဟာ အနက်ရောင်တွေချည်း ဖြစ်နေသည်။

အဲဒီအခိုက်အတန့်မှာ သူ့မျက်လုံးတွေကို ဖုံးအုပ်ထားတဲ့ အရာတစ်ခု ရှိ​နေတယ်လို့ မသိစိတ်က ထင်လိုက်တာကြောင့် မျက်တောင်ကို လက်နဲ့ ပွတ်သပ်လိုက်သော်လည်း မဟုတ်​နေဘူး ဆိုတာကို သိလိုက်ရသည်။ ဘာဖြစ်နေတာလဲ။

ဒီမှာ မြူတွေ အရမ်းထူနေလို့လား။ လက်ပတ်နာရီရဲ့ မီးခလုတ်ကို နှိပ်၍ မျက်လုံးနား ကပ်ကြည့်လိုက်သည်။ သို့သော် မည်းမှောင်နေဆဲဖြစ်ပြီး ဤအမှောင်ထုသည် အလွန်တရာ အစွမ်းထက်နေကြောင်း ဝူရှဲ့ တဖြည်းဖြည်း သိရှိလာခဲ့သည်။

သူအလွန် စိတ်ရှုပ်သွားသည်။ သူ့စိတ်ထဲမှာ အယူအဆတွေ မရှိတာကြောင့် ဘုန်းကြီးနဲ့ ဗုဒ္ဓကို အော်ခေါ်ဖို့လည်း စိတ်မဝင်စားပေ။ လူက ရူးလုမတတ် ဖြစ်နေတော့ သူ့ရှေ့မှာရှိတဲ့ အမှောင်ထုကို တွန်းလှန်ဖို့ ကြိုးစားရင်း သူလက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ လက်လှိုင်းဖြင့် အမှောင်ထုကို တွန်းထုတ်လိုက်ပေမယ့် လုံးဝ အသုံးမဝင်ခဲ့ပါဘူး။

အချိန်အတော်ကြာ စိတ်ရှုပ်သွားပြီးနောက် ဝူရှဲ့ ငြိမ်သက်သွားသည်။ အပြင်ဘက်မှာကလည်း မှောင်နေပြီး ဘာအသံမှ မကြားရပေ။ သူ့ပတ်ဝန်းကျင်က အလင်းရောင် အားလုံးကလည်း အပိတ်ခံထားရသည်။

ဒါပေမဲ့ ဒါက အဓိပ္ပာယ် မရှိသလိုပါပဲ။ အလင်းရောင်က နီးနေပေမယ့်လည်း အလင်းရောင်ကို မမြင်နိုင်တော့ရာ အတွေးတစ်ခုက တဖြည်းဖြည်းနဲ့ သူ့ခေါင်းထဲ ဝင်လာဘေရာ စိတ်ထဲ အေးခနဲ ဖြစ်သွားတော့သည်။ ဒီလိုအခြေအနေမျိုးမှာ အလင်းရောင်ကို ပိတ်ဆို့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီယူဆချက်က သူ့အတွက် ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ပါသည်။ ယခု သူ့စိတ်က ကြောက်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့လေပြီ။ အရင်က အကြောက်တရားနဲ့ မတူဘဲ သေခြင်းတရားကို ကြောက်တာထက်တောင် ပိုဆိုးနေပြီ ဖြစ်သည်။ မျက်လုံးတွေကို ပြင်းပြင်းထန်ထန် ပွတ်သပ်ရင်း မသိစိတ်က မှိတ်ထားလိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now