ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (38)
ထူးဆန်းသောလိုဏ်ဂူနောက်မိနစ် အနည်းငယ်ကို သူဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး။
မှောင်မိုက်သော ရေလမ်း၌ မကောင်းဆိုးဝါးများနှင့် ကြောက်စရာ တစ်စုံတစ်ရာ မရှိခဲ့ပါ။ သူ့ရဲ့ ပင်မအသိစိတ်က ဒါကို ဝန်မခံချင်ပေမယ့် မသိစိတ်က အချိန်တိုအတွင်း ငါသေရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပြီးသားပါ။ ဒီခံစားချက်က ကြောက်စရာ ကောင်းလောက်အောင် စကားလုံးတွေနဲ့ ဖော်ပြလို့မရပါဘူး။ အရင်က ဆုံးဖြတ်ချက် အားလုံးအတွက် နောင်တရမိလာသည်။
တစ်ဖက်မှာတော့ နောက်ဆုံး အခိုက်အတန့်အထိ အရှုံးမပေးဘဲ တွန်းလှန်နိုင်ရမယ်လို့ ကိုယ့်ကိုယ်ကို ပြောချင်ပေမယ့် ရင်ထဲမှာတော့ လုံးဝကို စိတ်ပျက်သွားပြီး အတွေးမျိုးစုံသာ ပေါ်လာသည်။ ပြီးရင် ဘာဆက်ဖြစ်မလဲလို့ တွေးပြီး စိတ်တွေက ပိုပျက်လာ၏။ ခဏလောက် စဉ်းစားကြည့်တော့ သူသေရင် သူ့မိသားစုက ဘယ်လိုတုံ့ပြန်မလဲ။ ဝမ်းနည်းခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စိတ်ကို ဖုံးလွှမ်းသွားခဲ့သည်။
အောက်ဆီဂျင်မီတာသည် ၎င်း၏တန်ဖိုးကို ဆုံးရှုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မည်သည့်အချိန်တွင် သူအသက်ရှုကြပ်မည်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။
နောက်ဆုံးအခိုက်အတန့်မှာ အသက်ရှူကြပ်တဲ့ ခံစားချက်တွေ တဖြေးဖြေး ပေါ်လာဖို့ မျှော်လင့်ထားရသလိုပါပဲ။ အောက်ဆီဂျင် နည်းလာသည်နှင့်အမျှ အရာအားလုံးကို ကြောက်ရွံ့သွားစေသည်။ အကြောက်တရားက သူ့ကို ငိုစေခဲ့ပြီး စိတ်ထဲ လုံးဝ မငြိမ်သက်နိုင်တော့တဲ့ အတွေးတစ်ခုပဲ ရှိတော့သည်။
ခဏကြာတော့ အောက်ဆီဂျင် လုံးဝ ကုန်သွားပြီ။ အသက်ရှုပိုက်ကို ဆက်စုပ်ပေမယ့် ဘာမှ မကျန်တော့ချေ။ နောက်ဆုံးထွက်သက်ကို ဆုပ်ကိုင်ထားရင်း ပြင်းထန်တဲ့ နာကျင်မှုအောက်မှာ အက်ဆစ်တွေ ပေါက်ကွဲထွက်လာပြီး အဆုတ်ထဲကို ဝင်လာတဲ့ လေကြောင့် သတိလစ်သွားကာ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ