Vol 6🐉15🐉မြောင်ဆရာ

75 18 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (15)
မြောင်ဆရာ

အဲဒီအနံ့က နောက်ပိုင်း ဖန်းမာ ထုတ်ယူလာ သေတ္တာထဲက အနံ့အတိုင်းပဲ ဖြစ်ပေမယ့် သေတ္တာထဲက အနံ့က ပိုပြင်းလေသည်။ ဖန်းမာအတွက်ကတော့ လူသေကောင်ရဲ့ အနံ့ခံလိုမျိုးပါပဲ။ လူလား သရဲတစ္ဆေလား မသိတဲ့ နတ်ဆိုးတွေဟာ မြေအောက်ကမ္ဘာက သယ်ဆောင်လာတဲ့ သေတ္တာထဲကလို သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း အနံ့တွေလည်း ရှိနေ၏။

"မင်းရဲ့သူငယ်ချင်းလည်း အဲဒီအနံ့ရှိတယ်... ဆေးနံ့သာ လိမ်းထားတာတောင် ငါ သူ့ကိုပထမဆုံးအကြိမ် တွေ့တော့ အဲ့အနံ့မျိုး ရတယ်... သူနဲ့ သူတို့က အတူတူပဲ!"

မျက်နှာသေဆီက ဘယ်လိုအနံ့မျိုးပါလဲ။ ဝူရှဲ့ကတော့ သူ အနံ့ခံအာရုံက သိပ်တော့ မဆိုးလှပေ။ သို့သော် သူက မုဆိုးမဟုတ်တာကြောင့် အနံ့ခံအာရုံကောင်းကောင်း မရှိသောကြောင့် သံသယဖြစ်မိပါသည်။ ဝူရှဲ့လည်း နောက်တစ်ကြိမ်ဆို မျက်နှာသေအား တိတ်တဆိတ် အနံ့ခံကြည့်ဖို့ ကြိုးစားရမည်ဟု တွေးထားလိုက်သည်။

ဤအရာများ ထိုနေရာတွင်သာ ပြီးဆုံးသွားပါက ပြဿနာသည် ခဏကြာပြီးနောက် လူများက ၎င်းတို့၏ ကိုယ်ပိုင် အမြင်များကို သံသယဝင်ကာ ရှင်းလင်းချက်မရှိဘဲ အရာများကို အလိုအလျောက် ဖျက်စီးမိသွားမည် ဖြစ်သည်။ သို့သော်လည်း ဒီကိစ္စက မပြီးသေးဘူးဆိုတာ ဝူရှဲ့ သိပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေစပြီး ဖန်းမာက မျက်နှာသေ မိမိအား သတ်မယ်လို့ နိဂုံးချုပ်မှာမဟုတ်ချေ။

သေချာတာကတော့ ဖန်းမာအတွက် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေက ဒီအနံ့ကို သူ့တစ်သက်လုံး မမေ့နိုင်​တော့ဘူးလို့ ဆိုပါသည်။

ဤထူးဆန်းသည့်အရာ ဖြစ်ပျက်ပြီးနောက် ဖန်းမာသည် ထိုလူများဟာ ယခင်ကနှင့် တစ်ထပ်တည်း ဖြစ်နေပုံရသော်လည်း ၎င်းတို့၏ မျက်လုံးများနှင့် အမူအရာများက တစ်စုံတစ်ရာ ထူးဆန်းသည်ဟု အမြဲခံစားလာရသည်။ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကြောင့်လား မသိသော်လည်း ဖန်းမာကတော့ ရွာမှာ တစ်ခုခုဖြစ်မယ်လို့ ကြိုတင် သိထားတဲ့ အသိမျိုး ဝင်လာခဲ့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now