Vol 6🐉57🐉ဖိုင်ဟောင်းများ

52 9 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (57)
ဖိုင်ဟောင်းများ

သံကြိုးများ ကျိုး​ပြတ်သွားသည်။ သံချေးတက်ကာ ပင့်ကူမျှင်များဖြင့် ဖုံးအုပ်ထားသည့် အနေအထားကို ကြည့်လျှင် မကြာသေးမီကမှ တစ်ယောက်ယောက် ကိုင်တွယ်ခဲ့တာမျိုး မဟုတ်သည်မှာ ထင်ရှား​ပေသည်။

"ဟေး!" တုကျွမ်းရှန်းလည်း အံ့သြသွားပြီး။

"ဘယ်လိုဖြစ်တာလဲ?"

"ဘာမှမဖြစ်ဘူး... ဒါ ခင်ဗျားပြောတာ မှားတယ်လို့ ဆိုလိုတာလေ... တစ်ယောက်ယောက်က ဝင်လာပြီးပြီ"

ဝူရှဲ သံတံခါးကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်သည်။ အောက်ဖက်ကို ဆက်တောက်ကြည့်တော့ လှေကားပေါ်မှာ အပျက်အစီးတွေ စုပုံနေပြီး ဖုန်အနံ့တွေတောင် လှိုင်လှိုင်ထနေတာကို တွေ့လိုက်ရသည်။ အနံ့ဟောင်းတွေက ဆိုးဝါးလျက်။

တုကျွမ်းရှန်း: "မင်းအဲဒါကို စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်... အဲဒီမှာအရမ်း ညစ်ပတ်နေတယ်လေ!"

ဝူရှဲလည်း အောက်ကိုဆင်းဖို့ လိုအပ်လား တွေးနေ၏။ ဒီကိုလာရတဲ့ ရည်ရွယ်ချက်နဲ့ ဘာမှမဆိုင်ဘူးလို့လည်း ထင်မိသည်။ သဲလွန်စတွေ ကွင်းဆက် ပြတ်တောက်သွားရသည့် အကြောင်းရင်းပေါင်း သန်းချီရှိနိုင်သည်။ ဒီတံခါးကိုလည်း ပြန်လည် သော့ခတ်ထားခြင်းပင် မရှိခဲ့ချေ။ ဒါပေမဲ့ အလွန်ထူးခြားတဲ့ အကြောင်းပြချက်တစ်ခု ရှိနေရင်တောင်မှ ဒါဟာ သူ့အပူမဘူးမလား။ တွေးကြည့်ရုံနဲ့ ဆင်းကြည့်ချင်တဲ့ စိတ်ကူးကို စွန့်လွှတ်လိုက်ချင်သည်။

သူထွက်ခါနီးတွင် ဓာတ်မီးကို လှန်လိုက်ရာ တံခါးဘေးရှိ စာရွက်ရှည်ကို ထိုးမိသွားသည်။ စာရွက်ပေါ်က စာတွေကို မြင်သောအခါတွင် လက်ရေးလှရေးခြင်း၏ နောက်ဆက်တွဲ ဖြစ်နိုင်ကြောင်း စဥ်းစားမိ​သေးသည်။ ဤစာရွက်၏ အနေအထားသည် ထူးဆန်းလွန်းသည်။ နိမ့်လွန်းပြီး အနည်းငယ် ပြိုးပြိုးပြက်ပြက် ဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။

ဝူရှဲလည်း မသိစိတ်က အဲဒါကိုပဲ ကြည့်နေ၏။ ပထမတစ်ချက်မှာ ထိုစာရွက်ရှည်ကို တံခါးမှာ ခိုင်ခံ့စွာ ချိတ်ဆွဲထားခဲ့ပြီး ပျက်စီးသွားခြင်း မရှိသေးချေ။ ဝူရှဲ တုကျွမ်းရှန်းဘက် လှည့်ပြောလိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now