Vol 6 end🐉60🐉လေလံပွဲ

191 18 2
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) End
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (60)
လေလံပွဲ

သူတို့ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ အမူအရာတွေကို ကြည့်ပြီး ဝူရှဲခမျာ အံ့သြလို့ မဆုံးနိုင်အောင် ဖြစ်သွားသည်။ အဘိုးကြီးသည် နံဘေးကို အကြိမ်အနည်းငယ် ခေါက်ပြီးနောက် လူနှစ်ယောက်က တစ်စုံတစ်ခုကို ထုတ်ဖော်လာခဲ့သည်။ ဤလုပ်ငန်းနောက်ကွယ်ရှိ ဖောက်သည်သည် အလွန်ထူးခြားသော အဆင့်အတန်းရှိကြောင်း တွေ့ရှိလိုက်ရပေသည်။

ထိုလူ၏ မျိုးရိုးအမည်မှာ 'ဟော့' ဖြစ်သည်။ အမျိုးသမီး ဖြစ်ကြောင်းနှင့် တခြားသူများက သူမကို အမျိုးသမီးဟော့ ဟုခေါ်ဆိုကြောင်းသာ သိကြပြီး အခြားအသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်း မရှိပေ။ အဲဒီအမျိုးသမီးက လျှို့ဝှက်ဆန်းကြယ်ကာ သူမကို "ဟော့ရှန်းကူ" လို့ နာမည်ပြောင် ပေးထားသည်။ သူမ အကြောင်း လူတိုင်းသိကြပေမယ့် ဘယ်သူမှ မမြင်ဖူးပါဘူး။

အဘိုးအိုက ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီးတောက် အသက်ရှုကြပ်သွားကာ ထပြောလိုက်၏။

"ဟေး! ဒါကြီးပဲ... ချောင်ရှားမှာရှိတဲ့ အိမ်တော်ကြီးကိုးခုထဲက တစ်ဦးတည်းသော အမျိုးသမီး အဘွားကြီးဟော့ပဲ... အဘွားကြီးဟော့မှာ သားတစ်ယောက် ရှိတယ် သူ ထိုင်ဝမ်ကိုသွားပြီးနောက်တော့ ဟော့မိသားစုလည်း ပျောက်သွားတယ်... ငါအရင်က ဟော့ရှန်းကူနဲ့ တစ်ခါတွေ့ဖူးတယ်...သူက ဟော့မိသားစုရဲ့ တတိယမြောက် သမီးပဲ... လူကြီးမင်းတို့ နှစ်ယောက်... ဒါက ကျုပ်ရဲ့နာမည်​ကဒ်ပါ အကြောင်းထူးရင်း ​ကျေးဇူးပြုပြီး ကျုပ်ကို ​ပြောပြ​ပေးပါဦး... ရှီးရှန်​က ကျန့်ဖူကျုံး... တစ်ခေါက်လောက် တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်..."

နှစ်ယောက်သား ခေါင်းညိတ်ပြီး "ကျုပ်တို့ကို ဆက်သွယ်နေတယ်ဆိုရင် စမ်းကြည့်လို့ ရပါတယ်....ကျုပ်တို့ဘက်ကလည်း သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်"

ပြောပြီးနောက် နှစ်ယောက်စလုံး ခဏလေးပင် မနေချင်တော့ဘဲ ထွက်သွားကြသည်။ အဘိုးကြီး၏ ချဉ်းကပ်ပုံကို မြင်သောအခါ ဝူရှဲမှာ ရယ်စရာ ကောင်းနေသလိုပင် ခံစားလိုက်ရသည်။ သူက နာမည်ကဒ်လေးတောင် ပေးလိုက်သေး၏။ သူ့ကိုယ်သူ ချင်းကန်ရဲ့ အဖွဲ့ဝင်တစ်ယောက်လို့များ ထင်​နေတာလား။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now