ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (69)
အမွေဆက်ခံခြင်း၎င်းက အဖြူအမည်း ဓာတ်ပုံတစ်ပုံဖြစ်ပြီး အစ်ကိုချူ ပြသည့်ပုံနှင့် ခေတ်ချင်း သိမကွာလောက်။ အနည်းငယ် အညိုရောင်ရှိသော အဖြူအမည်း ဓာတ်ပုံတစ်ပုံဖြစ်လို့ ခွဲခြားရခက်ခဲစေသည်။ ဓာတ်ပုံပေါ်မှာ လူနှစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပြီး သူတို့ထဲက တစ်ယောက်က ချန်ဝမ်းကျင် ဖြစ်နေတာကို တွေ့လိုက်ရတာကြောင့် ဝူရှဲ့မှာ အံ့သြသွားရသည်။
ဒီဓာတ်ပုံက အစ်ကိုချူ ပြထားတဲ့ပုံထက် အများကြီး ပိုကြီးတဲ့အတွက် ရှင်းရှင်းလင်းလင်း မြင်ရပါသည်။ ဓာတ်ပုံထဲက အခြားအမျိုးသားကတော့ ယောင်လူမျိုးတွေရဲ့ ရိုးရာဝတ်စုံကို ၀တ်ဆင်ထားပြီး ချန်ဝမ်းကျင်က တောက်ပစွာ ပြုံးနေချိန်မှာ ထိတ်လန့်တုန်လှုပ်နေတဲ့ အမူအရာလည်း ရှိပါသည်။ ဒီလူနှစ်ယောက်အပြင် နောက်ကွယ်မှာ ကလေးလေးတစ်ယောက်လည်း ရှိသေးသည်။
ဒါ ဘယ်လို ဖြစ်ပြန်ပြီလဲ။ ဝမ်းကျင်ရဲ့ ဓာတ်ပုံက ဘာလို့ ဒီမှာပေါ်လာတာလဲ။ ဝူရှဲ့ခမျာ တစ်ကိုယ်လုံး ယားယံလာပြီး အားကွေ့ဘက်ကို ချက်ချင်း လှည့်မေးလိုက်သည်။
"ဒီဓာတ်ပုံ ဘယ်တုန်းက ရိုက်ထားတာလဲ"
“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကလေ... ရိုးရာအဝတ်အစားတွေဝ တ်ထားတဲ့ အမျိုးသားက ငါ့အဖေပါ...အဲဒီအမျိုးသမီးက စူးစမ်းလေ့လာရေး အဖွဲ့ထဲက”
"စူးစမ်းလေ့လာရေး အဖွဲ့ ဟုတ်လား? လေ့လာရေး အဖွဲ့တစ်ဖွဲ့က ဒီကိုရောက်လာသေးတာလား....ဘယ်လိုဖြစ်တာလဲ"
"မသိဘူး ဟိုအရင်က တောင်တွေပေါ်မှာ တစ်ခုခု ရှာတွေ့ခဲ့တယ် ဆိုလား... အဲဒါကို နှစ်အတော်ကြာပါပြီ သူတို့ စူးစမ်းလေ့လာပြီးတော့ ရုတ်တရက် ဘာမှဖြစ်မလာခဲ့ဘူး"
ဝူရှဲ့ စိတ်ထဲမှာ တိတ်တိတ်လေး အော်ဟစ်လိုက်သည်။ အရင်က သံဖိနပ်စီးထားပေမဲ့ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး။ ဒီကိုရောက်တော့လည်း အားထုတ်စရာ သိပ်မလိုဘဲ သဲလွန်စ ရသွားခဲ့ပြန်သည်။ ဒီခရီးက သူ့အတွက် တကယ်ကို တန်၏။ သို့နှင့် ဝူရှဲ့သည် အားကွေ့ကို ချက်ချင်းဆွဲထိုင်ခိုင်းလိုက်ပြီး စူးစမ်းလေ့လာရေးအဖွဲ့အကြောင်း ပြောပြခိုင်းလိုက်သည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ