ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (48)
၃၅ကောင် ရှိတယ်ရုတ်တရက် ဝူရှဲလည်း သူ့ပုခုံးပေါ်မှာ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။ အစောက မျက်နှာသေ ဖိထားတဲ့နေရာမှာ သွေးတွေ ဖုံးနေပြီ။ တစ်ဖက်မှ ဖက်တီးဆီမှ အော်ဟစ်သံသည် အသာစီးရသူ မဟုတ်သော်လည်း အလွန်အမင်း ကြေကွဲဖွယ် အခြေအနေသို့ တွန်းပို့ခံရသည့် ကြွေးကြော်သံ အဖြစ် ထွက်ပေါ်လာသည်။
ဝူရှဲ ဘာကိုမှ မမြင်ရပေမယ့် ကျောက်တုံးကြီးထဲက အရိပ်ကိန်းဂဏာန်းတွေက သူတို့ကို ဝိုင်းထားတာဖြစ်မယ် ဆိုတာတော့ ခန့်မှန်းမိပါသေးသည်။
စောစောက မြေပြင်မှာ တွေ့ခဲ့ရတဲ့ စကားလုံးတွေကို ပြန်သတိရသွားသည်။ ဆယ့်ခြောက်၊ ခုနစ်၊ တစ်ဆယ်၊ လေး၊ စုစုပေါင်း ၃၇။ နှစ်ယောက်က မီးလောင်သေသွားခဲ့ပြီမို့ အခု သူတို့က သုံးဆယ့်ငါးယောက်ကို ရင်ဆိုင်ရတော့မှာပေါ့။
ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို ဝူရှဲခမျာ မမြင်နိုင်ခဲ့သလို ဖက်တီးနဲ့ မျက်နှာသေမှာလည်း ကံကောင်းခြင်းရှိမရှိကို သူ မသိခဲ့ပါဘူး။ ဒါ့အပြင် သူက အများကြီး မလှုပ်ရှားခဲ့ရဘူး။ အဲဒါကို တွေးဖို့လည်း ခွန်အားမရှိတော့ဘဲ တူးတံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး နားကိုသာ အာရုံစူးစိုက်ထားရသည်။
ဖက်တီးက သူတို့နှင့် ကွဲကွာနေပေလိမ့်မည်။ သူ့ပတ်ဝန်းကျင်တွင် မည်သူမျှ အသက်ရှူခြင်းကို မထိန်းနိုင်ဘဲ အသက်ရှုကြပ်နေသော်ငြား တစ်ချိန်တည်းမှာပင် အသက်ရှုသွင်းခြင်းကိုလည်း မျိုသိပ်ထားရသည်။
ရှေ့တိုးမသာ နောက်မဆုတ်သာ အခြေအနေက ကြာရှည်သွားခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်း ဖက်တီးဘက်က ဦးစွာ ပေါက်ကွဲသွားသည်။
"Fuck! တိုက်လိုက်ရအောင်!"
အော်ဟစ်သံနှင့်အတူ ထိုနေရာတွင် ပရမ်းပတာ ဖြစ်ကုန်၏။ တစ်ချိန်တည်းမှာပင် ကြောက်လန့်တကြား ငှက်အော်သံများ ထွက်ပေါ်လာပြီး ပရမ်းပတာ အခြေအနေကြောင့် ချဥ်းကပ်လာတဲ့ အကောင် အားလုံးက သူ့ဆီသို့ ရွေ့သွားကြသည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ