Vol 6🐉30🐉ရေအောက်က အလင်းရောင်

60 17 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (30)
ရေအောက်က အလင်းရောင်

ရေကန်အောက်ခြေရှိ ရှေးဟောင်းရွာ၏ တစ်ခုတည်းသော မီးသည် ရှေးခေတ် အဆောက်အဦး၏ ပြတင်းပေါက် အတွင်း နက်ရှိုင်းသော နေရာမှ လင်းနေပါသလား မပြောတတ်ချေ။ တစ်ကိုယ်တည်း မီးအိမ်၏ အရောင်သည် ဖော်မပြနိုင်သော အရောင်ဖြစ်ပြီး အစိမ်းရောင်နှင့် အဖုံးဖြင့် ဖုံးလွှမ်းထားသကဲ့သို့ အလင်းရောင်သည် အလွန်အုံ့မှိုင်းကာ ကမ္ဘာပေါ်ရှိ မီးလုံးများနှင့် မတူပေ။

ဤထူးဆန်းသော ရေကန်သည် သူ့​အား အံ့အားသင့်ဖွယ်ရာ များစွာကို ပေးစွမ်းနိုင်​လေသည်။ ငြိမ်သက် အေးချမ်းမှု အောက်က ဤဆိတ်ငြိမ်သော နေရာတွင် လျှို့ဝှက်ချက် များစွာရှိသည်။ အရာအားလုံးက ကျိန်စာနဲ့တူအောင် ဖန်တီးထားသလိုပင်။

တကယ်ပဲ ဒီမှာ ဘာဖြစ်သွားတာလဲ။

ဤကမ္ဘာ ပတ်ဝန်းကျင်တွင် ပံ့ပိုးကူညီမှု တစ်စုံတစ်ရာ မရှိဘဲ တောင်တန်းများ အတွင်းက ရေထဲ၌ တစ်ယောက်တည်း နစ်မြုပ်နေခဲ့သည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်လို့ အလွန်ထိတ်လန့်ကာ အထီးကျန်သလို ခံစားလာခဲ့ရသည်။ အားကိုးရာမဲ့ စိတ်ပျက်အားငယ်မှု ခံစားချက်က သူ့ကို သေရတာထက် ပိုကြောက်လာစေ၏။

အလင်းရောင်နဲ့ လိုက်ဖမ်းတဲ့ ပင်လယ်နက်ထဲမှာ ရုပ်ဆိုးတဲ့ ငါးတစ်ကောင်ကို ခဏလောက် ထင်ယောင်ထင်မှား တွေးလိုက်မိသေးသည်။ ဒီရှေးဟောင်းရွာလေးဟာ အလင်းကို အသုံးပြုပြီး သားကောင်တွေကို ထောင်ချောက်ထဲကို ဆွဲဆောင်နေတဲ့ သတ္တဝါကြီးလို့တောင် မသိစိတ်က ထင်လာသည်။

အောက်ဆီဂျင်မီတာကို ကြည့်လိုက်သည်။ နှလုံးခုန်နှုန်းက အရမ်းမြန်နေတော့ အောက်ဆီဂျင် မြန်မြန်ကုန်သွားသည်။ ဝူရှဲ သူ့ရဲ့ အထိတ်တလန့် ခံစားချက်ကို ပြန်လည် မျိုသိပ်ပြီး စိတ်ထဲကနေ ရေရွတ်မိ၏။

"တကယ်လို့ အမှန်တရားကို သိချင်ရင် မင်းကိုယ်တိုင် စွန့်စားရမှာပဲ....ဖက်တီးနဲ့ မျက်နှာသေ အခု အသက်ရှင်နေသေးတယ်ဆိုရင် အခု အရမ်းထူးဆန်းတဲ့ အခြေအနေမှာ ရှိနေမှာ... ငါက သူတို့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်သလို အခုငါဒီမှာရှိနေတော့ ဒီအထီးကျန်တဲ့ အပြာရောင်မီးအိမ်က ငါ့ကိုခေါ်​နေတဲ့ လမ်းပြတဲ့ အလင်းရောင်လည်း ဖြစ်နိုင်တယ်"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now