Vol 6🐉41🐉ယူဆချက်

107 14 3
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (41)
ယူဆချက်

ဝူရှဲသည် ခွန်အားတွေ အမြန်ဆုံးပြန်ရဖို့ ကြိုးစားရင်း ရေငုပ်ဝတ်စုံကို ချွတ်နေခဲ့သည်။ တစ်ဖက်ကလည်း သူတို့ဒီမှာ ကြာကြာနေခဲ့ရတာကြောင့် ဘာတွေ ထင်မြင်ယူဆမိလဲလို့ မေးလိုက်သည်။

ဖက်တီးက ခေါင်းခါသည်။

"အယုံကြည်ရဆုံး မှန်းဆချက်ကတော့ ငါတို့အားလုံး သေသွားပြီလို့ ငါထင်တယ်.... အဲဒါက ငါတို့က သရဲတစ္ဆေတွေမလို့ ကျောက်တုံးကို ထိုးဖောက်ပြီး ဒီဂူထဲကို ဝင်သွားတာပဲ"

ဝူရှဲ ခါးခါးသီးသီး ​ပြန်ပြုံးလိုက်မိသည်။ ထင်ကြေးပေးမှုများသည် သဲလွန်စများ လိုအပ်သော်လည်း ယခုအချိန်တွင် သဲလွန်စများ မရှိတော့သောကြောင့် အရာအားလုံးကို ခန့်မှန်းရုံသာ တတ်နိုင်၏။

ဖက်တီး: "ဒီလူယုတ်မာရဲ့ ရည်ရွယ်ချက်က ငါတို့ကိုသတ်ဖို့ မဟုတ်ဘူးဆိုရင် နောက်ဘာပဲဖြစ်ဖြစ် ငါတို့အသက်ဆုံးရှုံးရမှာ မဟုတ်ဘူး... ငါတို့သတ်ချင်ရင် နေရာပြောင်းထားဖို့ ဘာလို့ လိုနေမှာလဲ။"

ဝူရှဲလည်း ရှိုက်ကြီးတငင်သာ ပြုံးလိုက်ရ​ပြန်သည်။ ဒါက သေလမ်းထဲ ရောက်နေတာပဲ မဟုတ်ပါလား။ အခုအချိန်မှာ သူတို့ကို ဒီပို့လိုက်တဲ့ ယောက်ျားကြီးတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး သူတို့ကို မုဒိမ်းကျင့်နိုင်မှာမလို့လား။ ထိုအတွေး ဝင်လာချိန် ချက်ချင်း ခေါင်းခါလိုက်မိသည်။

"ရှောင်လွှဲလို့မရတဲ့ အရာမျိုး မရှိ​လောက်ပါဘူး.... အခု အသက်ရှင်နေတာကလည်း ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး... မူးနေတဲ့ပုဇွန်ကို စားပြီး ပုဇွန်က လတ်ဆတ်ပါတယ်လို့ ပြောဖို့ ကြိုးစားနေတာပဲ မဟုတ်ဘူးလား"

ဖက်တီးသည် ဝူရှဲစကားတွေက အလွန်ကြောက်စရာကောင်းသည်ဟု တွေးကာ အသက်ရှုကြပ်ပြီး အနည်းငယ် စိတ်ဓာတ်ကျစွာ ကျိန်ဆဲလာခဲ့သည်။

"ဒီလို မမြင်နိုင် နားမလည်နိုင်တဲ့ အရာတွေကို ငါမုန်းတယ်နော်.... ငါတို့ သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် မလိုက်ဖက်ဘူးလို့ မင်းထင်နေတာလား...ဒါနဲ့ ဘာလို့ ဒီလိုမျိုး ပြည့်တန်ဆာအိမ်ထဲ အထည့်ခံထားရသလို အတူတူ ပိတ်နေရတာလဲ..တကယ် နတ်ဆိုးတွေဘာတွေများ လာနောက်နေတာလား ပြီးတော့ အားကွေ့ကလည်း ဘာမှမသိဘူး... မဟုတ်ရင် သူက အရိပ်အမြွက် တချို့ ပြလိုက်တာနဲ့ ငါတို့လည်း ပိုသတိထားမိလိမ့်မယ်"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now