Vol 6🐉49🐉လွတ်မြောက်ခြင်း

75 13 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (49)
လွတ်မြောက်ခြင်း

မျက်နှာသေ သူ့ရှေ့မှာ ငြိမ်ငြိမ်လေး ထိုင်နေတာကို မြင်လိုက်ရတော့ ရင်ထဲမှာ ခံစားချက်က ဖော်မပြနိုင်လောက်အောင် မွန်းကြပ်သွားသည်။ စိတ်ထဲမှာ ဘာတွေဖြစ်နေမှန်းလည်း မသိတော့ချေ။ မရေမတွက်နိုင်တဲ့ အတွေးတွေ စီးဆင်းနေပေမယ့် ဘာမှ မခံစားမိသလို ဖြစ်လာသည်။

ကိုယ့်ဘာသာကိုယ် သတိပြန်ဝင်လာရန် အချိန်အတော် ကြာသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် တစ်ဖက်လူရဲ့ လက်ကောက်ဝတ်ကို တုန်တုန်ယင်ယင်ဖြင့် ထိရန်အတွက် ခွန်အားရှိသမျှကို အသုံးပြုကာ လက်ကို ဆန့်ထုတ်လိုက်သည်။

ကံကောင်းထောက်မစွာပင် မျက်နှာသေ၌ ခန္ဓာကိုယ်အပူချိန် တချို့ရှိနေဆဲ ဖြစ်သည်။ သွေးခုန်နှုန်းသည် အလွန်အားနည်းနေတာမို့ သေသေချာချာတော့ မခံစားနိုင်ပေ။ ဖက်တီးဘက်ကို လှည့်ကြည့်လိုက်တော့ သူ့ဗိုက်ထဲမှာ အပေါက်ကြီး တစ်ပေါက်ရှိနေတာကို တွေ့လိုက်ရသည်။ သူ့အူတွေပင် တွဲလောင်းကျတော့မလို ဖြစ်နေကာ သူ့သွေးခုန်နှုန်းက ​နှေးနေပြီ။

သူတို့ခန္ဓာကိုယ်မှ ဒဏ်ရာတွေဟာ သွေးထွက်နေတုန်းပဲ။ သူတို့အားလုံးဟာ ခြေသည်းရှည်တွေနဲ့ ကုတ်ခြစ်ခံထားရတာ သိသာထင်ရှားပြီး အလွန်ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြတယ် ဆိုတာ သိသာပါ၏။

အလွန်အကျွံ သွေးထွက်ခြင်း၊ နှလုံးခုန်ရပ်ခြင်းနှင့် သေဆုံးခြင်းတို့သည် နောက်ပြန်မဆုတ်နိုင်သော သေမင်းခံတွင်းဝပဲ ဖြစ်သည်။ ဝူရှဲ့ခမျာ စိတ်ပျက်အားငယ်မှု၊ အားကိုးရာမဲ့မှု၊ ဝမ်းနည်းမှု၊ နောင်တရမှု၊ ဖော်မပြနိုင်တဲ့ ခံစားချက်တွေ ပေါင်းစည်းမိပြီး မျက်ရည်တွေ ပေါက်ထွက်လုမတတ် ဖြစ်လာသည်။

ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ရင်ထဲ ပလောင်ဆူနေသော်လည်း လူက ငြိမ်နေသည်။ သတ္တိက ဘယ်ကလာမှန်း မသိဘဲ နောက်အခိုက်အတန့်မှာ အဲဒီခံစားချက်တွေကို တွန်းဖယ်လိုက်ပြီး ရုတ်တရက် ငြိမ်သက်သွား၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now