Vol 6🐉3🐉မီးလောင်နေပြီ

39 6 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (3)
မီးလောင်နေပြီ

ဒီအချိန်မှာ ဝူရှဲ့လည်း ထူးဆန်းတယ်လို့ ခံစားချက်ရပေမယ့် ကြောင်အနေတုန်းပင်။ ဒီလိုရာသီဥတုမျိုးမှာ ပျဉ်ထောင်အိမ်ဟောင်းမှာ မီးလောင်ကျွမ်းမှု ဖြစ်နိုင်ခြေက အရမ်းများပေမယ့် စိတ်ထဲမှာတော့ မထင်ထားမိသေးပါဘူး။ ခဏကြာတော့ စိတ်ထဲက ခံစားချက်ဟာ တဖြေးဖြေး ပြင်းထန်လာပြီး အသက်ရှူကျပ်လာသည်။

က​လေး​​တွေ နောက်​ကို​ ပြေးလိုက်​ပြီး မီး​​လောင်ရာဆီ​ ပြေးသွားကြည့်ရာ နီးကပ်​လာ​လေ​ ခံစားချက်က ပိုဆိုး​လာလေ ဖြစ်လာ၏။  ရှေ့ကို အပြေးအလွှား ပြေးလာသောအခါတွင် မြင်လိုက်ရသည့် အရာက မယုံနိုင်လောက်အောင် ထူထပ်သော အုတ်တံတိုင်းကြီးထဲမှ မီးခိုးများ ထွက်ကျလာပြီး အပူရှိန်က လွန်စွာ နီးကပ်လာမှ မီးအကြီးကြီး လောင်နေပြီမှန်း သိလိုက်သည်။ အုတ်တံတိုင်း အဆောက်အအုံ နောက်ဘက် တောင်တန်းတွေလည်း မီးလောင်၊ ချုံပုတ်တွေက မည်းမှောင်နေပြီး မီးက အထက်ကို ပျံ့နှံ့နေဆဲ ဖြစ်သည်။

ရွာသူရွာသားများက အရပ်ရပ်မှ လာရောက်၍ မီးငြိမ်းသတ်ရန် တောင်ပေါ်သို့ အပြေးအလွှား ပြေးတက်လာကြသည်။ တောင်ကြီးပါ မီးလောင်ကျွမ်းသည်နှင့် တစ်ပြိုင်နက် ဆိုးရွားသော အကျိုးဆက်များက မှန်းဆ၍မရနိုင်ကြောင်း သိ​ကြပါ​သေးသည်။ ဒါကြောင့် တောမီးကို အရင်ငြိမ်းသတ်တာက လုံးဝ မှန်ပါ၏။

မီးရဲ့ရင်းမြစ်က တောင်ပေါ်မှာရှိပုံရပြီး ကျန်းချီလင်အိမ်ရဲ့ အုတ်တံတိုင်း အဆောက်အဦးက တောင်ခြေရင်းမှာ ရှိတာကြောင့် ထိခိုက်မိပေမယ့် ဒါက လုံးဝ မူမမှန်မှန်း သိသာသည်။ အိမ်က အဲဒီနေရာမှာ လွတ်လွတ်လပ်လပ် ရပ်နေခဲ့တာလေ။

မီးက အရမ်းပြင်းသည်။ သူတို့ ချောင်းထဲရောက်တာ ခဏလေးပဲ ရှိသေးတာမို့ မိုးကြိုးထိတာတောင် ဒီလောက်မြန်မြန် လောင်မှာ မဟုတ်ဘူး။ အထင်ရှားဆုံး အချက်မှာ လေထုထဲတွင် ရေနံဆီ၏ အနံ့ပြင်းပြင်း ရှိနေခြင်းပင် ဖြစ်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now