Vol 5🐉37🐉တတိယည- သူလျှိုလိုလုပ်နေသူ

43 11 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (37)
တတိယည- သူလျှိုလိုလုပ်နေသူ

ပတ်ဝန်းကျင်မှာ အလင်းရောင် မရှိလို့ အကိုင်းအခက်တွေထဲမှာ ပိတ်ထားတဲ့ နေရာကို သေသေချာချာ မမြင်ရချေ။ မိုင်းတွင်းမီးအိမ်ရဲ့ မှိန်ပြနေတဲ့ ဒီလိုအလင်းတန်းတွေ အောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မြင်ဖို့ခက်ပါသည်။ ဝူရှဲ့ခမျာ တုံ့ပြန်ဖို့ မေ့သွားတာကြောင့် တစ်ဖက်လူကို တိုက်ရိုက်ပဲ စိုက်ကြည့်​နေလိုက်သည်။

တစ်ယောက်နဲ့ တစ်ယောက် စက္ကန့်အနည်းငယ်လောက် ကြည့်ပြီးနောက်မှာ ဝူရှဲ့ မူမမှန်တော့ဘူး ဆိုတာ သိလိုက်သည်။ သွေးလို နီရဲနေတဲ့ မျက်လုံးတွေဟာ သာမန်သွေးထွက်သံယို ဖြစ်ထားတာတွေနဲ့ ပြည့်နှက်နေပုံ မပေါ်ပေ။ တကယ်တမ်းတော့ “သွေး” နဲ့ အနီရောင် ဆိုးထားတဲ့ မျက်လုံးအိမ်ထဲက သွေးတွေတောင် စိမ့်ထွက်လာသေးသည်။ ဝူရှဲ့ခမျာ မျက်လုံးတွေ လုံးဝ မမှိတ်နိုင်ဘဲ တောင့်တင်းသွားတော့သည်။

သက်ရှိသတ္တဝါသည် မလှုပ်မယှက် ဖြစ်နိုင်သော်လည်း မျက်တောင် မခတ်နိုင်တာကတော့ ဤအရာသည် သာမာန်သဘောမျိုး မဖြစ်နိုင်​တော့ချေ။ သို့နှင့် ဝူရှဲ့လည်း ချက်ချင်းပင် သံသယဝင်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ကို လှည့်ပတ် ကြည့်ပြီးနောက် မီးချောင်း အနည်းငယ်ကို ထုတ်ကာ ရေစိုကျူတံကို ဝက်အူဖြုတ်၍ လေးထောင့်အပေါက်ထဲသို့ ဂရုတစိုက် ထိုးထည့်လိုက်သည်။ မီးတုတ်ချောင်းကြောင့် အပေါက်နားကို နီးကပ်လာသည်နှင့်အမျှ အတွင်းပိုင်း အခြေအနေကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပဲ ဝူရှဲ့တစ်ယောက် တစ်ကိုယ်လုံး ပေါက်ကွဲသွားကာ နဖူးမှ ခြေဖျားအထိ အေးစက်သွားသည်။

သူ့မျက်လုံးတွေကို ဖမ်းစားလိုက်တာကတော့ နီရဲပြီး ထူးဆန်းတဲ့ မျက်နှာတစ်ခုဖြစ်သည်။ ၎င်းရဲ့ မေးစေ့က ပျောက်သွားတဲ့အပြင် သူ့မျက်နှာအောက်ပိုင်းကလည်း အမည် မသိတဲ့ အရာတစ်ခုကြောင့် စုတ်ပြဲသွားပါပြီ။ အသားနှင့် သွေးများဖြင့် ရှုပ်ပွနေကာ လျှာတစ်ခုလုံးသည် လည်ချောင်းမှ တိုက်ရိုက် ထွက်ကျလာလေ၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now