ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)Chapter (45)
ရှီးဝမ်းမယ်တော်ရဲ့ အိုးများတစ်နာရီကျော်လောက် ဆိုးသွမ်းတဲ့ ကဲ့ရဲ့သံလို အသံလွှင့်သံကို နားထောင်နေခဲ့ရရာ ဒီအသံကို ကြားယောင်မိနေတာ ကျင့်သားတောင် ရနေပြီ။ အခု ရုတ်တရက် ငြိမ်သွားတဲ့ အချိန်မှာ အသံက ထွက်လာတော့ နည်းနည်း အဆင်မပြေဖြစ်နေပါပြီ။ ဘာ့ကြောင့်လဲတော့ မသိပေမယ့် ခုပတ်ဝန်းကျင်က အမှောင်ထဲမှာ ထပ်တူကျတဲ့ အသံမျိုး ထပ်ကြားရပြန်တော့ အသံက မဟုတ်သေးဘူးလို့ ခံစားလာရသည်။
ဝူရှဲ့ခမျာ နားက ထင်ယောင်ယောင်ထင်မှား ကြားနေတာ ဖြစ်နိုင်တယ်လို့ ထင်မိပေမယ့် ဒီလိုနေရာမျိုးမှာ ဇစ်ကိုဆွဲပြီး ဓာတ်မီးကို ဖွင့်ကာ ကျောက်တုံးနောက်ကို လှမ်းကြည့်လိုက်တာက ပိုကောင်းပါတယ်လို့ ခံစားရလေသည်။
ကျောက်တုံးတွေက အရမ်းပုံမမှန်တော့ဘူး။ ဘယ်လို ကျောက်တုံးတွေလဲ မသိ။ ဒီကျောက်တုံးတွေက ဘယ်ကလာမှန်းလည်း မသိပေ။ ဒါတွေက မြေကြီးထဲက ပေါက်ထွက်လာတာတွေတော့ မဖြစ်နိုင်ချေ။
ကျောက်တုံးရဲ့ အနောက်မှာ မည်းမှောင်နေကာ ဓာတ်မီးနဲ့ လက်လှမ်းမမှီနိုင်တဲ့ ကန်းကွက်တစ်ခု ရှိနေသည်။ လမ်းလျှောက်ပြီး ထိုးကြည့်ခဲ့ပေမယ့် ကျောက်တုံးရဲ့ နောက်ကွယ်က ကွာဟချက်က အရမ်းသေးငယ်တဲ့အတွက် ဘာကိုမှ ကွယ်ဝှက်ထားလို့ မရချေ။
ကျောက်ခဲတွေကို ကန်ကြည့်တော့လည်း မတည်မငြိမ် ဖြစ်နေတာကလွဲလို့ အားလုံးက ငြိမ်သက်နေရာ နားကြားမှားတာ ဖြစ်မယ်လို့ပင် ထင်လိုက်။ ဝူရှဲ့ ခေါင်းခါပြီး နောက်ပြန် လှည့်ထွက်လာခဲ့သည်။ အားနင်က ဘာဖြစ်တာလဲလို့ မေးလာရာ နည်းနည်းတော့ စိတ်ပူမိတာကြောင့် ဟိုမှာ တစ်ခုခုရှိမယ် ထင်တယ်လို့ ပြောပြလိုက်သည်။
ထို့နောက် နွေးနွေးထွေးထွေးနေဖို့ မီးပုံဘေးမှာ ပြန်ထိုင်လိုက်သည်။ သို့သော် ပင်ပန်းနွမ်းနယ်မှုများသည် သူ့ထံရောက်လာပြီး မကြာမီတွင် ဝူရှဲ့မှယ အနည်းငယ် ငိုက်မျဉ်းလာတာမလို့ ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်းမသိ အိပ်ပျော်သွားတော့သည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
TerrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ