Vol 6🐉47🐉 မီးသွေး

57 7 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (47)
မီးသွေး

မျက်နှာသေ လုပ်ချင်တာကို ဝူရှဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ သိသည်။ သင့်တော်ရဲ့လား ဆိုတာကို သေချာ မစဉ်းစားခင်မှာ သူက မီးသွေးပန်းကန်ကို ဖောက်ထားတဲ့ နံရံထဲကို လောင်းချပြီးသား ဖြစ်နေပြီ။

မီးသွေးတွေက အတွင်းမှ အရာများနှင့် အနည်းငယ် ဝေးကွာနေသေးသော်လည်း ဖက်တီးကပါ ပါဝင်၍ ပန်းကန်ပြားတစ်ချပ်ကို ယူလာကာ အနီးကပ် လိုက်လာရင်း မျက်နှာသေ လောင်းထည့်ထားသော မီးခဲပူများပေါ် ထပ်မံထည့်၍ တွန်းထည့်လိုက်သည်။

ရုတ်​တရက်​ပင်​ ​ကျောက်​တုံး​နံရံကြားမှ ​အော်​ဟစ်​သံက စူးစူးရှရှ ထွက်ပေါ်လာ၏။ ၎င်းက စိတ်​ဆင်းရဲ​နေ​သော က​လေးတစ်​​ယောက်​၏ အော်သံနှင့်​ပင် တူ​နေသည်​။

ယုတ္တိဗေဒအရ ပြောရရင် ဒီလို ကြောက်စရာကောင်းတဲ့ အရာကို သတ်ပစ်တာဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ အများကြီး မဖြစ်စေသင့်ပါဘူး။ ဒါပေမဲ့ အဲဒီအသံကို ကြားလိုက်ရတဲ့အခါမှာတော့ ဝူရှဲ့ သူ့နှလုံးခုန်သံကို ခံစားလိုက်ရပြီး သည်းမခံနိုင်တော့ လောက်အောင်ကို လုံးဝ အားနည်းသွားသည်။ သူတို့ လူတွေကို သတ်ပစ်လိုက်တာလား။

မျက်နှာသေရဲ့ မျက်နှာကတော့ ရေခဲကဲ့သို့ အေးစိမ့်နေကာ မဆိုင်းမတွ ဆက်လောင်းထည့်နေပါသည်။

လေထုထဲတွင် ထူးဆန်းသော အနံ့တစ်ခုရှိနေသည်။ ၎င်းမှာ သံတုံးများဆီက ရဖူးသော “လူသေအနံ့” ဖြစ်သည်။ ကျောက်နံရံထဲရှိ အရိပ်များက တုန်ခါနေလိမ့်မည်ဟူ အမှန်တကယ်ပင် မမျှော်လင့်ထားပေ။ ထို့နောက် တဖြည်းဖြည်း ငိုကြွေးသံနှင့်အတူ ရပ်တန့်သွားသည်။

ဝူရှဲ့ဟာ ငယ်ငယ်ကတည်းက စိတ်သ​ဘောထား ပျော့ပြောင်းသူ ဖြစ်ပြီး အခုတုန်းက ၎င်းထံကနေ ဖမ်းမိလုနီးပါး ဖြစ်ခဲ့ပေမဲ့ ဒီလို လူပုံသဏ္ဌယန် တစ်မျိုးကို သတ်လိုက်တာက သူ့အား အရမ်း မသက်မသာ ခံစားစေဆဲပင်။

ဖက်တီးက သူ့လို စိတ်ပျော့နေသူ မဟုတ်ချေ။ သူက အနည်းငယ် ရေရွတ်သော်လည်း မရှက်မကြောက် ကြိမ်ဖန်များစွာ ရယ်မောကာ ပြောလိုက်သေးသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now