Vol 4🐉54🐉ရေညှိအောက်က လျှို့ဝှက်ချက် (၂)

112 21 3
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (54)
ရေညှိအောက်က လျှို့ဝှက်ချက် (၂)

ဝူရှဲ့ ဒါကိုမြင်တော့ စပ်စုချင်သွားသည်။

"သူဘာလုပ်နေတာလဲ"

"မသိဘူး"

အားနင်သည် ရှုပ်ထွေးသော အမူအရာဖြင့် အောက်ဘက်ရှိ မျက်နှာသေကို ကြည့်ပြီး ပြောလိုက်သည်။

"သူဘာစကားမှ မပြောဘဲ ဆင်းသွားတာ... မေးတော့လည်း ငါ့ကို လျစ်လျူရှုသွားတယ်... နင့်ရဲ့ ဒီသူငယ်ချင်းကို ငါတော့ နားမလည်​​​တော့ဘူး!"

မိစ္ဆာမြို့တော်မှာ စကားစမြည် ပြော​ပြီးကတည်းက မျက်နှာသေ စကားမပြောတော့ပေ။ သူ့မျက်နှာက အမြဲတစေ အေးစက်နေပြီး ဒီလူရဲ့စိတ်ထဲမှာ ဘာဖြစ်နေမှန်းကို ဘယ်သူမှ မခန့်မှန်းနိုင်ပေ။ သူက တင့်ကျူကျောမာ ပြောသလိုပါပဲ သူက အမြဲတမ်း သူ့ကမ္ဘာမှာ တစ်ဦးတည်းရှိတာ ဆိုတော့ ဘယ်သူ့ကိုမှ ဘာမှ ထုတ်ပြောနေစရာ မလိုဘူးလို့ ခံယူထားသူ ဖြစ်လိမ့်မည်။

ဝူရှဲ့ အောက်က အလင်းရောင်ကို ကြည့်လိုက်တော့ မီးအိမ် သစ်ကိုင်းတစ်ခုပေါ်မှာ တင်ထားသလို လေထဲမှာ တွဲလျောင်းကျနေသည်။ မျက်နှာသေတစ်ယောက် လဲကျနေမလားဆိုပြီး နည်းနည်းတော့ စိတ်ပူမိသွားသည်။ ဒါ့ထက် ဒီအခွင့်အရေးကို အရယူပြီး တစ်ယောက်တည်း ထွက်ပြေးပြန်ပြီလား ဟူ၍ စိတ်ပူတာက ပိုများလေသည်။

အားနင် နဲ့ တခြားသူတွေဟာ အတွေ့အကြုံ မရှိကြတဲ့အတွက် မျက်နှာသေရဲ့ လုပ်ရပ်အပေါ် တကယ့်ကို လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုလို့ပဲ ထင်မိလိမ့်မည်။ အောက်မှာ ယိမ်းနွဲ့နေတဲ့ မီးရောင်တွေကို ကြည့်လိုက်ရင် သူအဲဒီမှာ ရှိမရှိဆိုတာ မပြောနိုင်ပါဘူး။

ဒါကိုတွေးပြီး ဝူရှဲ့မှာ စိတ်မသက်မသာ ဖြစ်လာမိတဲ့အတွက် မိုင်းတွင်းမီးခွက်ကို ဖွင့်ပြီး ဆင်းသွားကြည့်မယ်လို့ ပြောလိုက်သည်။ ထို့နောက် မိုးသည်းထန်စွာ ရွာနေသော်လည်း ဝူရှဲ့​သည် သစ်ပင်ပင်စည်ကို ပွေ့ဖက်ကာ ဂရုတစိုက် ဆင်းလာခဲ့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now