Vol 6🐉35🐉ဒုတိယပိုင်းက မြေအောက်မှာ

65 13 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (35)
ဒုတိယပိုင်းက မြေအောက်မှာ

ဝူရှဲ၏ ယူဆချက်အရ ဤရှေးဟောင်းအဆောက်အအုံ၏ တည်နေရာ မှားယွင်းနေရုံသာမက တံခါးနောက်ဘက်သို့ ဦးတည်သွားသော တည်ဆောက်ပုံမှာလည်း အလွန်ထူးဆန်းသည်။ အိမ်ကြီးကြီး တစ်ခုလုံးကို အောက်ဘက်မှာ ဆောက်ထားတာ ဖြစ်နိုင်ပါ့မလား။ ဒီဇိုင်နာက ခန်းမရဲ့ တကယ့်အလျားက အခန်းအတွင်းက အလျားနဲ့ မတူအောင် လုပ်ထားတာ ဖြစ်နိုင်သည်။

တခြားသူတွေ ဝင်လာတဲ့အခါ ဒီတံခါးကို မြင်ရင် နောက်တံခါးလို့ပဲ ထင်ကြလိမ့်မည်။ တကယ်တော့ နောက်တံခါးအစစ်နဲ့ ခပ်ဝေးဝေးမှာ ရှိနေပါသေး၏။ အလယ်တွင် ဝှက်ထားသော စင်္ကြံတစ်ခု ရှိ​နေသည်။

ပင်မတံခါးသည် မြေကြီးပေါ်တွင်ရှိပြီး ကျန်အစိတ်အပိုင်းများကို မြေအောက်၌ ဆောက်လုပ်ထားဆဲ ဖြစ်သည်။ ဒီဇိုင်နာက တကယ်ကို စိတ်ကူးယဉ်ဆန်တာပဲ။ ဟိုးအရင်က ဦးလေးသုံးပြောခဲ့တဲ့ စကားတစ်ခွန်းကို ရုတ်တရက် သတိရလိုက်မိသည်။

တောင်ပေါ်ရှိ ဤရှေးဟောင်းအိမ်များသည် သင်္ချိုင်းဓားပြများကို လှည့်စားရန် တည်ဆောက်ထားသော အဆောက်အအုံအတု ဖြစ်နိုင်ပါသလား။ ရှေးခေတ် သင်္ချိုင်းတစ်ခုရဲ့ထိပ်မှာ အတုအယောင်ဆောက်ပြီး ဂူဖောက်သူတွေကို ဖုံးကွယ်ဖို့ အသုံးပြုတယ် ဆိုတဲ့စကားက မကြာခဏ ကြားရသလိုပါပဲ။

လက်ရှိ မျက်နှာပြင်ပေါ်တွင် တွေ့ရတာတွေက ဤပြောဆိုချက်နှင့် အလွန်ကိုက်ညီ​နေပုံရသည်။ စင်္ကြံအောက်သို့ ဆင်းသွားလျှင် ၎င်းတို့တူးနေသည့် ရှေးဟောင်းအုတ်ဂူများ တွေ့နိုင်သည်။ ဤသံရုပ်များသည်လည်း ရှေးဟောင်းသင်္ချိုင်းများမှ တူးဖော်ရရှိသော သင်္ချိုင်းပစ္စည်းများ ဖြစ်ပေမည်။

ဒါပေမဲ့ ဒီထက်ပိုပြီး သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် သင်္ချိုင်းဖောက်သူတွေဟာ အလိုဒေါသကို ထိန်းဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသာ၏။ ၎င်းသည် ယာယီလမ်းမဟုတ်ဘဲ အတွေ့အကြုံရင့် လက်သမားဆရာများ ဆောက်လုပ်ထားသည့် အမြဲတမ်း ကျောက်တုံးလမ်းနှင့် တူသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now