ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (1)
မူလအစဝူရှဲ့နဲ့ ဖက်တီးသည် ကျန်းချီလင်၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်ကို ရှာဖွေရန် ကူညီရင်း ကွမ်ရှီး၏ လူသိများသော ပါးနိုင်၊ ရှစ်ဝမ့်တတောင်၏ ကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့သည်။
မှတ်ဉာဏ်ပျောက်ဆုံးပြီး မှတ်ဉာဏ်ကို ရှာဖွေခြင်းမျိုးသည် လက်တွေ့တွင် မဖြစ်နိုင်ဘူးဟု အမြဲတွေးထင် နေသောကြောင့် အစပိုင်းတွင် အနည်းငယ် ထူးဆန်းနေသေးသည်။ တစ်ဖက်သား၏ အတိတ်သည် သာမန် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျန်းချီလင် နောက်ကွယ်က ဇာတ်လမ်းသည် သည်းထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ်ကို ဖတ်ရှုနေသကဲ့သို့ ဖြစ်နေရာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရသကဲ့သို့ ဖြစ်နေခဲ့သည်။
မျက်နှာသေသည် သူ့လို လူတစ်ယောက်၏ နှလုံးသားထဲတွင် သိမ်ငယ်စိတ်များ ရှိနေသလား ဆိုတာကိုတော့ ဝူရှဲ့လည်း မသေချာချေ။ အတိတ်ကို ရှာဖွေဖို့ ကူညီပေးတာက သူ့ရဲ့ လက်ရှိ အခြေအနေကနေ တကယ်ကို မှတ်ဉာဏ် ပြန်ရလာဖို့ မျှော်လင့်ထားတာတွေလည်း ရှိခဲ့ပါသည်။
အစ်ကိုချူပေးသော သဲလွန်စများအတိုင်း တောင်ပေါ်သို့ ဝင်ရောက်ခြင်း ဖြစ်စဉ်နဲ့အတူ မျက်နှာသေ နေထိုင်ခဲ့သည့် အုတ်တံတိုင်းကာ အိမ်ကို တွေ့ရှိခဲ့ပြီး ပျက်စီးနေသော ကုတင်အောက်ရှိ လျှို့ဝှက်ခန်းအတွင်းမှ သံသေတ္တာတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ အဲဒီနောက်မှာ တစ်စုံတစ်ယောက်က သံသေတ္တာကို အုတ်တံတိုင်း ကြမ်းပြင်ကနေ ဆွဲထုတ်ဖို့ ကြိုးစားခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ အချိန်မီ တွေ့ရှိခဲ့ပေမယ့် အဲဒီလူဟာ ရွာပတ်ဝန်းကျင်နဲ့ အလွန်ရင်းနှီးပြီး ရွာထဲကို အမြန်ထွက်ပြေးခဲ့ရာ ခြေရာလက်ရာပင် မရှိတော့ပေ။
ဖြစ်ပျက်ခဲ့တာတွေကို နားမလည်ဘဲ ဇဝေဇဝါဖြစ်နေချိန်မှာ ဖက်တီးကိုင်ထားတဲ့ သံသေတ္တာရဲ့ ချိတ်က မထင်မှတ်ပဲ ကျိုးသွားပြီး သေတ္တာက မြေပြင်ပေါ်ကို မှောက်ကျသွားလေ၏။
အဖြစ်အပျက်တွေက အရမ်းမြန်ပြီး လူသုံးယောက်ထဲက တစ်ယောက်မှ မတုံ့ပြန်နိုင်လိုက်ပေ။ သံသေတ္တာကတော့ မြေပြင်ပေါ်မှာ ရှိနေပြီ။ အဖုံးကို ကျယ်ကျယ်ဖွင့်ပြီး အတွင်းထဲက လက်သီးအရွယ်လောက် ရှိတဲ့ ပစ္စည်းက လှိမ့်ထွက်လာပြီး ဖက်တီးရဲ့ ခြေဖဝါးနားမှာ ကျသွားသည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ