Vol 6🐉46🐉မကောင်းဆိုးဝါး

62 10 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (46)
မကောင်းဆိုးဝါး

နံရံထဲရှိ အရိပ်သည် သူတို့ထံ အမှန်တကယ် ချဉ်းကပ်လာ​နေခဲ့ပြီး ၎င်း၏ လှုပ်ရှားမှုများကိုပင်လျှင် မြင်နေရသည်။ ၎င်း၏ ဦးခေါင်းသည် ကျောက်နံရံထဲမှ ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့ ထူးဆန်းစွာ ရှေ့သို့ ဆန့်ထွက်နေသည်။

"ရွှေ့​နေတာလား"

ဖက်တီးမှာ ကောင်းကောင်း မနိုးသေးတာကြောင့် နားမလည်သေးချေ။

မျက်နှာသေ: “သူတို့ကို ကျောက်နံရံမှာ သုံးပေလောက် မြှုပ်ထားပေမယ့် အခု တစ်ပေအောက်ပဲ ဝေးတော့တယ်... ငါးရက်အတွင်းမှာ သူတို့က ငါတို့ဆီ နှစ်ပေကျော်လောက် တိုးလာတာ... နောက်တစ်ရက်ဆို ခြေလှမ်း တစ်ဝက်ပဲ လိုတော့တယ်…”

သူက ခေတ္တရပ်ပြီး ဆက်မပြောတော့ပေ။ သူဘာကိုဆိုလိုသည်ကို ဝူရှဲ့ နားလည်၏။ နောက်တစ်ရက်ခွဲ ကြာသောအခါတွင် ထိုအရိပ်များသည် ကျောက်ဆောင်များမှ ထွက်ပေါ်လာနိုင်သည်။

ဝူရှဲ့: "သူတို့ အသက်ရှင်နေ​သေးတာ​လား?"

မျက်နှာသေက ခေါင်းယမ်းကာ အရိပ်ကိုသာ တည့်တည့်မတ်မတ် စိုက်ကြည့်နေသည်။ ဝူရှဲ့ရဲ့ အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေလည်း ချက်ချင်းပဲ ပြူးကျယ်သွားသည်။ ဒီအရိပ်တွေက ဘာတွေလဲ။ သူတို့ နံရံထဲက ထွက်လာရင် ဆိုတဲ့ အတွေးကို တွေးရုံနဲ့ ဦးရေပြားက ယားယံလာတော့သည်။

ဝူရှဲ့ ဟိုဟိုဒီဒီ လျှောက်သွားရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး ချက်ချင်းကျိန်ဆဲလိုက်သည်။

"အမ်.... ဒါက ဒီအရာရဲ့ ရည်ရွယ်ချက်လား"

"ဘာရည်ရွယ်ချက်နဲ့လဲ" ဖက်တီးက ရှုပ်နေတုန်းပဲ။

"ငါမသိဘူး.... ဒါပေမယ့် ဒါက ထုံးတမ်းတစ်ခုလိုမျိုး ဖြစ်နိုင်တယ် ငါတို့က ယဇ်ပူဇော်ခံထားရတာ ဒါမှမဟုတ် ငါတို့က အစာကျွေး ခံထားကတာ ဒါမှမဟုတ် အမဲလိုက် ခံနေရတာလည်း ဖြစ်နိုင်တယ်... အတိုချုပ်ပြောရရင် ဒီအရိပ်တွေအတွက် ငါတို့ ပြင်ဆင်ထားရမယ်"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now