Vol 5🐉53🐉အဂ္ဂိရတ်အခန်း

84 17 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (53)
အဂ္ဂိရတ်အခန်း

ဝမ်းကျင် ကြည့်တဲ့ဘက်ကို လှမ်းကြည့်လိုက်တော့ သူမဟာ အခန်းရဲ့ အလယ်ဗဟိုက ကြိတ်ဆုံကျောက်နဲ့တူတဲ့ ကျောက်တုံးကြီး အစွန်းကို ရောက်နေပြီ ဆိုတာကို မြင်လိုက်ရသည်။ ဝူရှဲ့တို့လည်း စောင်းကြည့်လိုက်ရာ အလယ်၌ ကျောက်စားပွဲကြီး တစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ကောင်းကင်ပေါ်ရှိ ကြယ်များကို ကိုယ်စားပြုသည် အစက်တစ်စက်စီကို စစ်တုရင် အစက်များနှယ် ချထား၏။ ၎င်းက အရုပ်ဆိုးသော အစိမ်းရင့်ရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားတာ တွေ့လိုက်ရသည်။

ဒါက ဝူရှဲ့ကို ဦးလေးသုံး အရင်က ရှင်းပြခဲ့တဲ့ အဂ္ဂိရတ်ဆေး ဖြစ်ပြီး ဒီမှာတော့ အများကြီး ရှိနေသည်။

"ဒါကဘာလဲ? အသက်ရှည်ဆေးလား?"

ဝီစီသံနဲ့အတူ အနောက်ကနေ ထူးဆန်းတဲ့ အသံတစ်ခု ထွက်လာလေသည်။ ဝူရှဲ့တို့ အနောက်ကို လှမ်းကြည့်လိုက်တော့ ထိုလူတချို့က သူတို့နောက်ကို လိုက်လာနေပြီဆိုတာ တွေ့လိုက်ရ၏။ ဝူရှဲ့ခမျာ ချက်ချင်း ​ခေါင်းလေးလာပြီး ခေါင်းကိုခါလိုက်သည်။

"ဒါက မင်းစားလိုက်ရင် ချက်ချင်း ဂန့်သွားစေမယ့် အဆိပ်ပဲ... ဒီဆေးတွေကို လျှောက်မထိနဲ့ အဲဒါတွေက အဆိပ်ပြင်းတယ်"

"ဟုတ်ပါတယ် ငါမစားပါဘူး တစ်ချက်ကြည့်ရုံပါပဲ မရဘူးလား"

"မရဘူး... ဒီနေရာက ဘာကိုမှ မထိရဘူး"

ထိုလူအနည်းငယ်သည် ဝူရှဲ့ပြောတာကို ကြားပြီးနောက်တွင် သူတို့အချင်းချင်း စကားအနည်းငယ် ပြော​ကြသည်။ အဲဲဒီနောက် လူတစ်ယောက်က ဆေးလိပ်မီးညှိကာ ခပ်ထေထေ ဆိုလာသည်။

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... စည်းကမ်းတွေ အများကြီး ရှိနေသေးတာလား"

သူ့စကားထဲက စကားလုံးများတွင် ယဉ်ကျေးခြင်း မရှိတော့ပါ။ ဝူရှဲ့လည်း မကြားချင်ယောင်ဆောင်လိုက်သည်။ ဒီအချိန်မှာတော့ ပတ်ဝန်းကျင်မှာ လောင်ကျွမ်းနေတဲ့ မီးတောက်တွေက တဖြည်းဖြည်းချင်း ငြိမ်းသတ်သွားလေသည်။ ဖက်တီးက မီးကျည်နှစ်ချက် ထပစ်လိုက်သော် လူတစ်ယောက်က ရုတ်တရက် ထအော်လိုက်၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now