Vol 4🐉47🐉နိမိတ်

133 23 3
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (47)
နိမိတ်

ဝူရှဲ့တို့နှစ်ယောက် ရပ်တန့်ပြီး ဘယ်ညာကြည့်လိုက်သည်။ ဒါက လမ်းဆုံလမ်းခွဖြစ်ပြီး ကျားရှီးတစ်ယောက် စီခဲ့တဲ့ ကျောက်တုံးတွေက ဘာကိုဆိုလိုသလဲဆိုတာ သူတို့ မသိပါဘူး။

အဝေးကို လှမ်းကြည့်လိုက်တော့ အသက်ရှူကြပ်သွား​စေတဲ့ "ဖလပ်ဖလပ်" အသံအပြင် ဖရိုဖရဲ အော်ဟစ်သံတွေကိုပါ ကြားလာရသည်။ အဲဒါ သူတို့ရဲ့ အော်သံလား ဒါမှမဟုတ် တခြားအကြောင်းအရင်းလား မသိပေမယ့် ဦးရေပြားတွေကတော့ ထုံကျင်လာသည်။

ပြေးရင်းပြေးရင်း မောပန်းလာကာ အသက်ရှူမဝ ဖြစ်လာသည်။ ရပ်လိုက်တော့ အားနင်က ဘာဖြစ်နေတာလဲလို့ မေးလာသည်။ သူမသည် ဒီကိစ္စရဲ့ လေးနက်မှုကို အရိပ်အမြွတ်မျှ သိပေမယ့် တုံ့ပြန်မှု မရသေးပါဘူး။

ဝူရှဲ့လည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ ပိုးကောင်ဘုရင်ရဲ့ အဆိပ်ပြင်းတဲ့ သဘောတကားကိုပါ ပြောပြလိုက်၏။ ဝူးလောင်စစ် ပိုးကူးစက်ခံရကြောင်း ကြားတာနဲ့ အားနင်ရဲ့ မျက်နှာက ဖြူဖတ်သွားတော့သည်။

သူပြောပြီးတာနဲ့ အနီးနားကို လှမ်းကြည့်တော့ ဒီပိုး​ကောင်ဘုရင်တွေ ပျံသန်းလာတဲ့ ကောင်းကင်မှာ တိမ်နီကြီး ပေါ်လာတာကို တွေ့လိုက်ရသည်။ မြူခိုးနှင့်တူသော အင်းဆက်ကောင်များဟာ အုပ်စုလိုက် သူတို့ဆီသို့ ပျံသန်းလာနေကြပြီ။

အဲဒါကိုမြင်တာနဲ့ တွေးဖို့ အချိန်မရှိတော့ရာ အားနင်ကို ဆွဲကိုင်ပြီး ထွက်ပြေးခဲ့ရပြန်သည်။ အဲဒီတုန်းက သူသည် ရူးသွပ်စွာ ပြေးလွှားနေခဲ့တာကြောင့် အဲ့လောက် ပြေးနိုင်မယ်လို့တောင် မထင်ခဲ့မိပေ။ ဒါ့အပြင် ကျားရှီးရဲ့ ကျောက်တုံးလမ်းပြကိုလည်း ဂရုမစိုက်နိုင်တော့ဘူးလေ။ နောက်ဆုံး လမ်းကြောင်း ဆယ်ခုထက်ပိုပြီး မပြေးနိုင်တော့တဲ့အခါ အရှိန်က လျှော့သွားသည်။

နောက်ကြောင်း ပြန်ကြည့်လိုက်တော့ လေထဲမှာ အင်းဆက်ပိုးမွှားတွေ ပြည့်နှက်နေ​သေးတာကို တွေ့လိုက်ရပြန်၏။ ဝူရှဲ့ ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီး ခေါင်းမူးတာကို ဘေးချိတ်လျက် အစွမ်းကုန် ကြိုးစားပြီး ဆက်ပြေးရသည်။ ရှေ့ကို ဆက်ပြေးနေတဲ့ အားနင်က သူထက် ကြံ့ခိုင်မှု ပိုကောင်းပြီး ဒီအချိန်မှာ သူမက ပြောလာသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now