ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (58)
လက်ရေးမူငလူး!
ဝူရှဲခမျာ ဦးရေပြား ပေါက်ကွဲသွားသလို တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ကိုယ့်ကိုကိုယ် ဘာဖြစ်နေတာလဲလို့ ပြန်မေးလိုက်မိသည်။ ၁၉၉၀ ခုနှစ်၊ ချောင်ရှားမှာရှိတဲ့ တက္ကသိုလ်တစ်ခုက စာရွက်ရှည် တံဆိပ်တစ်ခုပေါ်မှာ သူ့လက်ရေးက တကယ်ရှိနေခဲ့တာလား။
မဟုတ်ဘူး! သေချာတာကတော့ မှားမြင်တာ မဟုတ်ဘူး!
ဒီလိုဖြစ်လာဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်မိပေမယ့် တစ်ချိန်တည်းမှာပဲ လက်ရေးနဲ့ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှု၊ ရာပေါင်းများစွာသော ရှေးဟောင်းပစ္စည်း ပွတ်တိုက်မှုတွေအပေါ် အခြေခံထားတဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဗီဇက တခြားသူတွေကို ဘယ်တော့မှ လိမ်ညာမှာ မဟုတ်ဘူး ဆိုတာကို ကောင်းကောင်းသိပါသည်။
သူ ရှို့ကျင်းစတိုင်ကို သင်ယူခဲ့တာက တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ ကြည့်ရတာ အဲဒီလူလည်း ဒီဖောင့်မျိုးကို သင်ယူခဲ့တာ ဖြစ်နိုင်တာမို့ ဆွဲချက်တွေက ခပ်ဆင်ဆင် ဖြစ်နေတာ ဖြစ်လိမ့်မည်။
ဝူရှဲ သူ့ခေါင်းသူ ရိုက်လိုက်သည်။ လိမ်လည်ပြီး သူ့ကိုယ်သူ ရှင်းပြဖို့ ဆင်ခြေရှာနေတဲ့ အမျိုးသားတစ်ယောက်လို နဖူးကို ရိုက်ပြီး အကြောင်းပြချက် ရာချီပြီး စဥ်းစားနေခဲ့သည်။ ရှာတွေ့ထားတဲ့ ဒီအကြောင်းပြချက်တွေကတော့ သူ့ကို ဘယ်တော့မှ လှည့်စားမှာ မဟုတ်ဘူးဆိုတာကို အဆုံးမှာ တွေးမိပြီး ရယ်စရာ ကောင်းတယ်လို့တောင် ခံစားလာရသည်။
နာရီကို ကြည့်လိုက်တော့ ညသန်းခေါင်ကျော်နေပြီ။ တုကျွမ်းရှန်းကို ဒီအချိန်မှာ အပြင်ထွက်ခိုင်းတာ လက်တွေ့မကျပေမယ့် ဒီညတော့ သူ သေချာပေါက် အိပ်မပျော်လောက်တော့ချေ။ ဘာပဲဖြစ်ဖြစ် တံခါးက မော်ကွန်းတိုက်ရဲ့ အပြင်ဘက်မှာရှိပြီး သော့မပါဘဲ မြင်နိုင်တာကြောင့် ဝူရှဲ ထုပ်ပိုးကာ ဝမ်းမန်ကိုပဲ ဆွဲကိုင်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ဖို့ တက္ကသိုလ်ကို ပြန်သွားခဲ့သည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ