Vol 5🐉60🐉ထွက်ခွာခြင်း

147 18 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (60)
ထွက်ခွာခြင်း

မျက်နှာသေသည် ထိုနေရာတွင်ပင် အိပ်နေကာ ဖက်တီးသူ့ကို စိတ်ငြိမ်ဆေး ထိုးပေးပြီးမှ တဖြည်းဖြည်း အိပ်ပျော်သွားသည်။ သူ့အသွင်အပြင်ကို ကြည့်ရင်း ဝူရှဲ့ခမျာ ရင်ဘတ်ထဲမှာ ပိတ်ဆို့ပြီး အရမ်း စိတ်မသက်မသာ ဖြစ်လာသလို ခံစားရလေသည်။

သူတို့အိပ်နေတုန်း အဲဒီအပေါက်ထဲကနေ မျက်နှာသေ ပြေးထွက်လာခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့ သူအထဲမှာ ဘယဖြစ်သွားတာလဲ။ ဥက္ကာခဲကို ကြည့်လိုက်တော့ အနက်ရောင်လိုလို အပြာရောင်လိုလို မျက်နှာပြင်ဟာ အရင်ကအတိုင်း ရုပ်ဆိုးပြီး မရေမတွက်နိုင်တဲ့ အပေါက်တွေကလည်း မျက်လုံးတွေနဲ့ တူနေတာကြောင့် ဝူရှဲ့ခမျာ အေးစက်စက် လေတွေကို ရှူရှိုက်မိသွားသည်။

မျက်နှာသေ ဘာဖြစ်နေတာလဲ။ ဝူရှဲ့မှာ စိတ်ဓာတ်ကျလွန်းလို့ ဒါက သူကိုလှည့်စားနေတာပဲလို့ ထင်နေလေသည်။ အချိန်မရှိဘူး ဆိုတာက ဘာကိုဆိုလိုတာလဲ။ ဧကန္တ အထဲမှာ တစ်ခုခုဖြစ်ခဲ့လို့လား။ ဒါမှမဟုတ် တစ်ခုခု ဖြစ်တော့မှာမလို့လား။ ဒီနေရာမှာ တစ်ခုခု ဖြစ်သွားနိုင်လို့လား။

ပတ်ဝန်းကျင်သည် စကြဝဠာထဲ ရောက်​နေကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေပြီး ထွန်းလင်းနိုင်သေးသည် မိုင်းတွင်းမီးအိမ်သာ မရှိခဲ့ပါက ဤနေရာ၌ ဖြစ်ပျက်နေသည့် အပြောင်းအလဲများ ရှိလျှင်ပင် သိနိုင်မည် မဟုတ်ပေ။

သူသည် အလွန်နှိုးဆွ ခံရခြင်း ဖြစ်ပေမည်။ ထိုစဥ် ဖက်တီးက သက်ပြင်းချကာ ပြောလာသည်။

"ပြင်ပမှာ ဘာတုံ့ပြန်မှုမှ မရှိဘူး... သူ မကြားနိုင်၊ မမြင်နိုင်တော့ဘူး...ငါ့သူငယ်ချင်း တစ်ယောက်လိုပဲ သူ့အာရုံတွေ အားလုံး ပိတ်သွားပြီ... ဆရာဝန်က ပြောဖူးတယ် ဒီလိုအခြေအနေဆိုရင် သူတွေ့ကြုံခဲ့ရတဲ့ နောက်ဆုံးအခိုက်အတန့်က သူ့စိတ်ထဲ ပိတ်မိနေသလို ဖြစ်နေလို့ပဲတဲ့”

ဝူရှဲ့မှာ မျက်နှာသေက ဘယ်လိုလူလဲဆိုတာ  မသိပေမယ့် ဒီလိုလူရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ဟာ အတိုင်းအတာ တစ်ခုအထိ ရောက်နေပြီလို့ သူ  အာမခံပါသာ်။ အလွန်လှုံ့ဆော်ခံရဖို့ မဖြစ်နိုင်ပေ။ ဒီလိုသာဆို ဒီဥက္ကာခဲအတွင်းက ဖြစ်ပျက်ခဲ့တာဟာ သူတို့ နားမလည်နိုင်လောက်အောင် ကြောက်စရာ ကောင်းနေတယ်လို့ ဆိုလိုတာပင်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now