Vol 6🐉6🐉ကျွဲခေါင်းတောင်ကြား

110 13 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (6)
ကျွဲခေါင်းတောင်ကြား

ဝူရှဲ့တို့သည် တောင်ကြီးထဲကို ရှာဖွေရာမှာ ကူညီပေးချင်ပေမယ့် အားကွေ့က ပထမတော့ သဘောမတူတဲ့အတွက် မလိုက်ခင်မှာ ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ရသည်။ အားကွေ့ရဲ့ သမီးငယ်လေးကို ယွင်ချိုင်လို့ခေါ်ပြီး အားကွေ့က သူ့သမီးကို ထပ်ကြပ်မကွာ လိုက်ခဲ့ဖို့ ပြောလိုက်သည်။ ရွာသားနှစ်ဆယ်ခန့်သည် မီးတုတ်များနှင့် ဓာတ်မီးများ ကိုင်ဆောင်ကာ မုဆိုးခွေးများနှင့်အတူ ကျွဲခေါင်းတောင်ကြား ဆီသို့  လျှောက်သွားကြသည်။

တောင်လမ်းတဝိုက်မှာ မှောင်မဲနေပြီး ပါးစပ်ကနေလည်းအော် တစ်ဖက်ကလည်း မုဆိုးခွေးတွေကို အဝတ်အစားတွေကို အနံ့ခံစေကာ လိုက်ရှာရ၏။ ဤနေရာ၌ တောတောင်ယာခင်းများ ခုတ်လှဲထားပြီးပြီ ဖြစ်တဲ့အတွက် ရှေ့ကလမ်းသည် သွားလာရ မခက်ခဲသော်လည်း ဤနေရာ၌ မိုးများထားသောကြောင့် တောင်များပေါ်တွင် ဗွက်အိုင်များနဲ့ တောင်မျော့များက အများအပြားရှိသည်။ 

တပေါင် သစ်တောနယ်မြေကို မရောက်မချင်း လမ်းလျှောက်ရခက်လာပေမယ့် ဒီတောင်သူတွေ အားလုံးက မုဆိုးတွေဖြစ်ပြီး အတွေ့အကြုံကြွယ်ဝတဲ့အတွက် လမ်းလျှောက်ရတာ လုံးဝ မခက်ပါဘူး။ ဝူရှဲ့တို့ အတွက်ကတော့ ဒီတောင်တက်လမ်းဟာ ထမုထိုနဲ့ ယှဉ်ပြီး လမ်းလျှောက်နေရသလိုပါပဲ။ လူတစ်စုသည် တောင်ပေါ်သို့ နက်နက်နဲနဲ လျှောက်သွားခဲ့ကြသည်။

လမ်းလျှောက်ရင်း ကျွဲခေါင်းတောင်ကြား ဧရိယာမှာ ဘာတွေဖြစ်နေလဲလို့ ယွင်ချိုင်ကို မေးလိုက်သည်။ ဖန်းမာတစ်ယောက် အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတာများလား။

ယွင်ချိုင်က ရှင်းပြသည်။

"ဒါက တပေါင်သစ်တောဧရိယာနဲ့ ကျွန်မတို့ရွာရဲ့ သစ်တောကာကွယ်ရေး ဧရိယာကြားက နယ်နိမိတ်မျဉ်းပဲ.... သိုးခြေထောက်တောင်က တပေါင် သစ်တောဧရိယာမှာ... ကျွဲခေါင်းတောင်က သစ်တောကာကွယ်ရေး ဧရိယာထဲမှာ ရှိတယ်... အလယ်မှာ ကျွဲခေါင်းတောင်ကြား ရှိတယ်။ သိုးခြေထောက်တောင်ရဲ့ နောက်ကွယ်က တောနက်တောင်ဟောင်းကြီး.... အဲ့တောလယ်က တောကြီးထဲကိုတော့ လူတွေက တောင်ကြားထဲကို မဝင်ကြဖို့ ဆိုင်းဘုတ်တွေ ကပ်ထားတယ်လေ မုဆိုးဟောင်းတွေကလွဲလို့ သိုးခြေထောက်တောင်ထဲကို မသွားဖြစ်ကြဘူး.... သိုးခြေထောက်တောင် အနောက်က တောထဲကို ဘယ်သူမှ လိုက်သွားတယ်လို့လည်း မကြားမိပါဘူး”

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now