Vol 6🐉31🐉ယောင်အိမ်တော်ခြံဝန်း

96 17 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (31)
ယောင်အိမ်တော်ခြံဝန်း

မြောင်၊ ယောင် လူမျိုးများသည် ရှေးခေတ်ကတည်းက ဟန်မိသားစုနှင့် သဘောထား ကွဲလွဲပြီး သီးခြားလူမျိုးစုများ အ​ဖြစ် နေထိုင်ကြသည်။ အထူးသဖြင့် နမ်ယောင်သည် ရှေးခေတ်ကတည်းက လူမျိုးစုများကြားတွင် ပဋိပက္ခများ အများဆုံး ဖြစ်ပွားရာနေရာဖြစ်သည်။

ရှေးခေတ်တုန်းက စန်းမြောင် ပုန်ကန်မှုဟာ လွတ်လပ်ရေး မတိုင်ခင်က ဖြစ်ပေါ်ခဲ့သည်။ ရေတွင်း ဒါမှမဟုတ် မြစ်တစ်စင်းအတွက် တိုင်ပင်ပုန်ကန်မှုကို တိုက်ရိုက် မွေးဖွားပေးခဲ့သည်။ ထိုအချိန်က လူမျိုးစုများကြား သံသယနှင့် ကွဲကွာမှုသည် မီးနှင့်ရေကဲ့သို့ ပြင်းထန်လှသည်။

ဟန့်ယောင်၊ ဟန့်မြောင်နှင့် ယောင်ကျိုက် ကြားရှိ မြစ်မြောင်းတစ်ခုတွင် ၎င်းတို့သည် အလွန်ကြေကွဲဖွယ် ကောင်းလောက်အောင် သတ်ဖြတ်ခံရသောကြောင့် ထိုက်ဖျင်ကောင်းကင် အင်ပါယာ လှုပ်ရှားမှုကို တိုက်ရိုက် ပေါက်ဖွားစေခဲ့သည်။

ထို့ကြောင့် ဟန်လူမျိုးများသည် ယောင်ရွာများတွင် အခြေချနေထိုင်ရန် ဆန္ဒရှိသော်လည်း ယောင်နှင့် ဟန်လူမျိုးများမှာ အတူတကွ နေထိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ယောင်ဘုရင်က ဟန်လူမျိုးတွေကို ယောင်ရွာမှာ အိမ်တွေ ဆောက်ခိုင်းပေမယ့် သူ့ရဲ့တန်ခိုးကို ပြသတဲ့ ရဲတိုက်ကြီးကိုပါ စိုက်ခိုင်းတတ်သည်။

ဒါက စပါးခင်းထဲမှာ ဖရဲသီးရှာတာနဲ့ အတူတူပါပဲ။

တဖြည်းဖြည်း နစ်မြုပ်သွားတဲ့ ဒီရှေးဟောင်း အဆောက်အဦးကို တိတ်တဆိတ် ကြည့်လိုက်တော့ ဒီတရုတ်ပုံစံ ရှေးဟောင်း အဆောက်အအုံကြီးဟာ အနီးနားက အုတ်တံတိုင်းတွေနဲ့ လုံးပတ်ဖုံးလွှမ်းနေပြီး ခေါင်မိုးပေါ်က ကြွေပြားတွေဟာ အရောင်နဲ့ တမင်တကာ ကာကွယ်ထားပုံရတာကို သတိထားမိလာသည်။ အုတ်တံတိုင်း အဆောက်အဦးတွေကို အပြင်ကနေ ကြည့်ရင် အတွင်းထဲမှာ ဒီလို ရှေးဟောင်း အဆောက်အဦး မရှိပါဘူး။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now