ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (65)
ဆွေးနွေးခြင်းနှစ်ပတ်အကြာတွင် မျက်နှာသေ ဆေးရုံမှ ဆင်းလာခဲ့သည်။ အနာဂတ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် အတွက် ဝူရှဲ့လည်း ၎င်းတို့နှင့်တွေ့ဆုံရန် ပေကျင်းသို့ ထွက်လာခဲ့သည်။
ကောအာမုက ပြန်လာပြီးနောက် ဝူရှဲ့အတွက် အခက်ခဲဆုံးအရာမှာ ဦးလေးသုံး ကျန်ရစ်ခဲ့တဲ့ အရှုပ်အထွေးတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာပါပဲ။ လွန်ခဲ့သည့် တစ်နှစ်တာအတွင်း ဦးလေးသုံးက မိမိ၏အရေးကိစ္စများကို လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့သော်လည်း ဦးလေးသုံးသည် ယခုအချိန်တွင် အမှန်တကယ်ပျောက်ဆုံးနေပြီး မည်သို့မျှပြန်လာ၍ မစီမံ မဆောင်ရွက်နိုင်တော့ပေ။
တစ်ဖက်က မျက်နှာသေကတော့ တကယ်ကို ရေခဲပုလင်း ဖြစ်သွားပါပြီ။ သူ့အသိစိတ်တွေ ပြန်လည် ကောင်းမွန်လာတာနဲ့အမျှ ဝူရှဲ့လည်း သူ့ကို ဘယ်လို ပြန်နားလည်ရမလဲဆိုတဲ့ ပြဿနာကို ရင်ဆိုင်ရမှာပဲ ဖြစ်လေသည်။
သူ့တွင် ဆွေမျိုးမရှိပေ။ သူက တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေကာ သူ့မွေးရပ်မြေက ဘယ်မှာ ရှိနေမှန်းလည်း မသိပေ။ ဝူရှဲ့ လူများစွာကို မေးမြန်းကြည့်သော်လည်း သူ့ကို ပြောပြခဲ့သည့်အတိုင်း သူသည် ဤလောကနှင့် ပတ်သက်မှု မရှိသလောက်ပင်။
သူ့ခရီးဆောင်အိတ်တွေ အကုန်လုံးကို ပိုးအိတ်ထဲမှာပဲ ထည့်ထားခဲ့ပြီး သူ့မှာ ပိုက်ဆံ ဒါမှမဟုတ် စာရွက်စာတမ်းတွေ မရှိပေ။ ဒီအချိန်မှာ သူတစ်ယောက်တည်း ထားခဲ့ရင် သူက လမ်းဘေးမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားမှာကို ကြောက်ရလေသည်။
ဖက်တီးကတော့ စီးပွားရေး တော်တော်ကောင်းပြီး လျိုလီချောင်မှာ ဆိုင်တစ်ဆိုင် ဖွင့်ထားလေသည်။ သူ့ဆိုင်အသစ်မှာ လအနည်းငယ်ကြာ မတွေ့ဖြစ်ခဲ့တဲ့ မျက်နှာသေတစ်ယောက် ရှိနေ၏။ တင်းမာထားတဲ့ သူ့မျက်ခုံးနဲ့ ဒီလောကကို မရင်းနှီးသလို လုပ်ထားတာတွေကလွဲလို့ ကျန်တဲ့အရာတွေက ဝူရှဲ့ကို ရင်းနှီးတဲ့ ခံစားချက်တွေ ပေးပါသည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ