Vol 6🐉9🐉ဦးလေးဖန်းမာ

76 16 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (9)
ဦးလေးဖန်းမာ

အဘိုးအိုက အလွန်ပိန်လှီ​နေသည်။ သူ့ပခုံးပေါ်ရှိ ရှစ်လိအ​ကောငိနှင့် နှိုင်းယှဉ်ကြည့်လျှင် ပို၍ပင် ပိန်လှီလှပေသည်။ သို့သော် အနီးကပ်ကြည့်လျှင် သူ့ကိုယ်ပေါ်ရှိ သိမ်မွေ့သော ကြွက်သားများက သံတုံးများကဲ့သို့ သန့်စင်နေသေးသည်ကို မြင်နိုင်၏။ အဘိုးအို၏ မျက်လုံးများသည် လရောင်အောက်တွင် တောက်ပနေပြီး သူ့တွင် ဖော်မပြနိုင်သော ထူးဆန်းသည့် အရှိန်အဝါတစ်ခု ရှိ​နေသည်။

သူသည် အမဲလိုက်ဓားကို သူ့ခါးပေါ်ရှိ အစွပ်ထဲသို့ ပြန်ထည့်ကာ ဝူရှဲ့ကို တစ်ဖန်ကြည့်သည်။ သူ၏ အခြားပခုံးပေါ်တွင် အကောင်ကြီးကို တင်ထားကာ ဒေသသုံးစကားဖြင့် ဝူရှဲ့အား သူ့နောက်သို့ လိုက်ခိုင်းသည်။ ပတ်ဝန်းကျင်ရှိ မြက်ပင်များသည် ရွေ့လျားနေဆဲဖြစ်သော်လည်း အဘိုးအိုက မျက်ကွယ်ပြုကာ သားရဲကို ရှေ့သို့ သယ်ဆောင်သွားခဲ့သည်။

မကြာခင်မှာ သူတို့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေ တဖြေးဖြေး ပျောက်ကွယ်သွားပြီး သူတို့ရဲ့ ငိုကြွေးသံတွေကို တောနက်ထဲက ကြားလိုက်ရသည်။ ရှစ်လိသည် ယာယီ အမဲလိုက်အဖွဲ့များ ဖွဲ့စည်းထားပြီး ယခုအ​ကောင်သည် ၎င်းတို့အနက်မှ အပြင်းထန်ဆုံး ဖြစ်နိုင်၏။ နောက်ဆုံး သေဆုံးသွားသောအခါတွင် အမဲလိုက် အဖွဲ့လည်း ပြိုကွဲသွားပြီ။ သဘာဝအားဖြင့် ဒုတိယအန္တရာယ်ကို ဘယ်သောအခါမှ အဖြစ်ခံမည် မဟုတ်ပေ။

အဘိုးအိုက အော်ဟစ်လိုက်သည်။ ဝူရှဲ့ ရှေးခေတ်သင်္ချိုင်းဆီ လှမ်းကြည့်လိုက်တော့ ဓာတ်မီးအရောင်တွေက မသေချာ မရေရာပေမယ့် အားကွေ့က သူ့ကို ကယ်တင်ဖို့ မဆင်းလာရဲချေ။ ဝူရှဲ့တို့ ရှိရာသို့ ဓာတ်မီးတစ်ချောင်းတည်းသာ ရောက်လာသည်။ ၎င်းက ကျန်းချီလင်ပင်။ ဝူရှဲ့ သူ့ကိုတွေ့ရန် တောင်စောင်းပေါ် တက်သွားသည်။ သူဘာမှ မဖြစ်သွားတာကို တွေ့လိုက်ရတော့ မျက်နှာသေက စိတ်သက်သာရာ ရသွားပုံဖြင့် တိုးတိုးလေး သက်ပြင်းချ၏။

မျက်နှာသေရဲ့ လက်မှာလည်း သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး အားကွေ့ရဲ့ အမဲလိုက်ဓားကို ဆုပ်ကိုင်ထားသည်။ သူက အဘိုးအိုနဲ့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ အဘိုးအို၏ တက်တူးကို မြင်သောအခါ မျက်နှာသေက အံ့အားသင့်သွားသော်လည်း အဘိုးအိုက သူ့ကိုသတိမထားမိဘဲ တည့်တည့် ဖြတ်သွားခဲ့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now