ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (49)
အဖျက်သမား"ဒါ...ဒါက ဦးလေးသုံး ငယ်ငယ်တုန်းကပုံနဲ့ တူတယ်လေ... ကျွန်တော် အရင်က အဖြူအမည်းပုံတွေ မြင်ဖူးတယ်.... ဒီပုံနဲ့တော်တော် ဆင်တူတယ်"
ဝမ်းကျင်က ပြုံးပြီးပြော၏။
"ဒီကမ္ဘာကြီးမှာ ဓာတ်ပုံတွေကတင် ဆင်တူတဲ့အရာတွေ မဟုတ်ဘူး.... သွေးချင်း မဆက်စပ်နေတဲ့ လူနှစ်ယောက်ကလည်း တူနိုင်တယ်"
"အာ?"
ဝူရှဲ့ ခဏလောက် ထိတ်လန့်သွားပြီး ရုတ်တရက် တစ်ခုခုကို ချက်ချင်း သဘောပေါက်လိုက်လေသည်။
"ခဏနေဦး... ဘာကိုဆိုလိုတာလဲ ဒီလူက ဦးလေးသုံး မဟုတ်ဘူးလို့ ပြောချင်တာလား ဒါဆို သူက ဘယ်သူလဲ"
ထိုစကားကို ပြောပြီးနောက်တွင် ဝူရှဲ့တစ်ယောက် တစ်ကိုယ်လုံး အေးစက်သွားကာ အတိတ်ရဲ့ အပိုင်းအစများက သူ့ရှေ့မျက်နှာ တစ်ခုလုံးဆီသို့ ရုတ်တရက် စုရုံးလာခဲ့လေသည်။
'ရင်းနှီးတယ်! ပုံစံတူတယ်'
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး!"
ရုတ်တရက် ထအော်လိုက်မိရာ မျက်နှာသေက ချက်ချင်းပဲ သူ့ပုခုံးတွေကို ပြန်ဖိချကာ တိုးတိုးသာသာလုပ်ဖို့ အချက်ပြလေသည်။ ဝူရှဲ့ခမျာ အသံကို မထိန်းနိုင်တော့ဘဲ ကြေကွဲသောလေသံဖြင့်။
"ဘုရားရေ... ဒီလူက— ရှဲ့လျန်းဟွမ်လား?"
ဝမ်းကျင်က ခေါင်းညိတ်ပြလေသည်။ ဝူရှဲ့ခမျာ ဆံပင်တွေ အဆုံးထိ ထောင်တက်လာသလို ချွေးသီး ချွေးပေါက်တွေ အားလုံး ကျဆင်းလာသလို တောင့်တင်းသွားကာ ဖြစ်ပျက်နေတာတွေကို နားလည်စပြုလာခဲ့သည်။
ဝမ်းကျင်က "ဓာတ်ပုံရဲ့ အလင်းအမှောင်က မမြင့်ဘူး.... မင်းရဲ့ဦးလေးသုံးလို့ပဲ လူတိုင်းက ထင်လိမ့်မယ်"
"ဒါဆို ဦးလေးသုံးကရော?"
"မင်းရဲ့ဦးလေးသုံး အဲဒီတုန်းက အန်တီတို့နဲ့ တကယ်ရှိခဲ့တယ် ဒါပေမဲ့ သူက ဒီဓာတ်ပုံထဲမှာ မပါဘူး ဓာတ်ပုံရဲ့ အပြင်ဘက်မှာ"

YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ