Vol 6🐉56🐉စက်ဝိုင်းထဲ သွားလာနေသလို

61 10 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (56)
စက်ဝိုင်းထဲ သွားလာနေသလို

ရွာကို ရောက်ပြီးတဲ့နောက်မှာ ဝူရှဲတို့သည် အပြင်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သောကြောင့် သက်ဆိုင်ရာ နေရာတွေကို ပြန်သွားကြည့်ဖို့ အစီအစဉ်ဆွဲပြီး ဖက်တီးကလည်း ပစ္စည်းတွေ ပြင်ဆင်ပေးလေသည်။

ဟန်ကျိုးကို ပြန်ရောက်ပြီးနောက် ဝူရှဲရဲ့ အစီအစဉ်ကို စတင်အကောင်အထည် ဖော်ကြသည်။ ဝူရှဲ ဖက်တီးနဲ့ အစီအစဉ်ဆွဲတဲ့အခါ ဒီအချက်အလက်တွေကို ဘယ်လို စုဆောင်းရမလဲ ဆိုတာ သေသေချာချာ စဉ်းစားပြီးမှ မျက်နှာသေရဲ့ ဘဝအတွေ့အကြုံကို နားလည်ဖို့ တရားဝင်​နေရာကနေ စဖို့ လိုအပ်မယ် ဆိုတာကို သိလိုက်ရ၏။

လမ်းပေါ်ရှိလူများက သူ့ကို ကောင်းစွာမသိကြကြောင်း ယခင်စုံစမ်းစစ်ဆေးမှုများက သိပ်အသုံးမဝင်ခဲ့။ သူ ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်း ရှေးဟောင်းသုတေသန အဖွဲ့တွင် ပါဝင်ခဲ့ဖူးလို့ ထိုအဖွဲ့အစည်းတွင် မှတ်တမ်းများ ရှိသင့်သည်။

ထိုကာလတွင် ထိုသို့သော ပရောဂျက်များတွင် ပါဝင်ရန် အတွက် နောက်ကြောင်း သန့်ရှင်းနေရန် လိုအပ်ပြီး ချောင်ရှားရှိ ဖိုင်ဟောင်းများတွင် သဲလွန်စများကို ရှာတွေ့နိုင်သည်။ အနည်းဆုံးတော့ သူ၏ အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်မှုများကို ရှာဖွေပြီးနောက် သူ့ကို သိသော လူတစ်ဦး သို့မဟုတ် နှစ်ဦးကို ရှာဖွေနိုင်မည် ဖြစ်သည်။ သဲလွန်စ တစ်ခုခုတော့ ရလောက်ပါရဲ့။ ဒါကြောင့် ဝူရှဲဟာ ဒီနယ်ပယ်မှာ စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

သို့ရာတွင် မြို့ပြမှတ်တမ်းများ၊ အထူးသဖြင့် အမှုထမ်းဖိုင်များသည် လျှို့ဝှက်ထားပြီး စာရွက်စာတမ်းများ မပါဘဲ သဲလွန်စ ရှာဖွေဖို့က ခက်ပေသည်။ ဤရှေးဟောင်း သုတေသနအဖွဲ့ကို 1980 အစောပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်ခုခု ဖြစ်ခဲ့သောကြောင့် ၎င်းကို လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခံရဖွယ် ရှိသည်။ ဒါကြောင့် ထင်သ လောက် မလွယ်ဘူးလို့လည်း ဝူရှဲ မြင်မိသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now