Vol 4🐉63🐉ရွှံ့မြွေတစ္ဆေမြို့တော် (၁)

118 24 2
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (63)
ရွှံ့မြွေတစ္ဆေမြို့တော် (၁)

နှစ်မိနစ်လောက်ကြာတော့ အားနင် အသက်ရှုရပ်ပြီး သူ့လက်နှစ်ဖက်ထဲမှာပဲ သေဆုံးသွားခဲ့လေသည်။ ဆံပင်တိုတိုနဲ့ ရှုပ်ပွနေတဲ့ သူမရဲ့ လှပပြီး ခန့်မှန်းလို့မရတဲ့ မျက်နှာလေးဟာ သူမကို နောက်ဆုံး အသက်ရှုပြီး အချိန်တွေ အေးခဲ၊ ငြိမ်သက်သွားတဲ့ အချိန်အထိ တည်ရှိနေခဲ့လေသည်။

ရုတ်တရက်တော့ အရာအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ဝူရှဲ့ခမျာ ဝမ်းနည်းလွန်းလို့ ငိုချင်ပေမယ့် ရင်ဘတ်ကို တစ်စုံတစ်ခုက ပိတ်ဆို့ထားသလို မငိုချနိုင်ချေ။ ဖြစ်ပျက်သွားတဲ့ အရာ အားလုံးက အရမ်းမြန်လွန်းလှသည်။

လမ်းတစ်လျှောက်မှာ အန္တရာယ်တွေ အများကြီးရှိခဲ့ပြီး တစ်စုံတစ်ယောက် တစ်ခုခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ဒီမိန်းကလေး သေရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးသလို၊ သူမဟာ လွယ်လွယ်ကူကူနဲ့ ရုတ်တရက် သေဆုံးသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။

သေခြင်းတရားက သတိပေးချက် မရှိဘဲ ဖြစ်ပျက်သွားခဲ့ပြီး အခုနကတင် စကားပြောနေတဲ့သူမဟာ ချက်ချင်း သေဆုံးသွားပါသည်။ ပြီးတော့ သူမတကယ် သေသွားခဲ့ပြီ။ သူမကို ကယ်တင်ဖို့တောင် သူတို့မှာ အခွင့်အရေး မရှိခဲ့ပါဘူး။

ပထမတော့ သူ မြင်နေခဲ့ရတာတွေကို မယုံနိုင်ပါဘူး။ ဒီမိန်းကလေးက ဘယ်လိုလုပ် သေသွားတာလဲ။ သူမက သန်မာပြီး ချစ်စရာကောင်းသည်။ လိမ္မာပါးနပ်ပြီး ပျော့ညံ့သော အသွင်အပြင် ရှိသော်လည်း ခိုင်မာသော နှလုံးသားရှိသည်။ ဝူရှဲ့ သူမကို မကြိုက်သော်လည်း လေးစားမိပါသည်။ သူ သေရမယ်ဆိုရင် ဒီမှာရှိတဲ့လူတိုင်းက သူထက်သန်မာတယ်။ ဒါကြောင့် သေနိုင်ခြေ အရှိဆုံးသူက သူပဲဖြစ်သင့်သည်။

ဒါပေမဲ့ သူမက သူတို့ရှေ့မှာ လွယ်လွယ်နဲ့ ပေါ့ပေါ့တန်တန် သေသွားခဲ့ရသည်။

ဝူရှဲ့ခမျာ ရုတ်တရက် အရိုက်ခံလိုက်ရသလို ငြိမ်သက်သွားတော့သည်။ ယခုခရီးက အချိန်တိုင်း အန္တရာယ်များပေမယ့် သူတို့အတူတူ ဖြတ်ကျော်ခဲ့ကြသည်။ ယခုတော့ ချင်လင်တောင်တန်းမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်ကို ပြန်ရောက်သွားသလို တိတ်ဆိတ်သွားခဲ့၏။ ဒီအရာတွေပြီးရင် သူတို့လိုလူတွေက တန်ခိုးကြီးပြီး အတွေ့အကြုံ အတော်အတန် ရှိနေပြီမလို့ အဆင်ပြေနိုင်မယ်လို့ တစ်ချိန်က ထင်ခဲ့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now