Vol 5🐉70🐉အရိပ်ဒဏ္ဍာရီ

129 17 3
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (70)
အရိပ်ဒဏ္ဍာရီ

နွေရာသီ တောင်ပေါ်လေသည် အိမ်ရှေ့တွင် ချိတ်ထားသော မီးသီးကို ဖြတ်၍ တိုက်ခတ်သွားသည်။ မီးလုံးသည် ပိုးကောင်များစွာ လှုပ်ခါသွားသလို ဝေ့ယမ်းသွားလေရာ အလင်းရောင်နှင့် အရိပ်တို့ ဖြတ်ပြေးသွား၏။ အစကတော့ အမြင်မှားနေပြီဟု ထင်မိပေမယ့် တစ်အောင့်အထိ အရိပ်က ရှိနေတုန်းပင်။

ဒါကိုကြည့်ကာ ပထမတော့ ဘာမှ မခံစားရတော့ပေ။ အားကွေ့ရဲ့ မိသားစုထဲက တစ်ယောက်ယောက်က သူ့ကိုယ်သူ ကြိုးဆွဲချ သေနေတာလားဟု အတွေးဝင်လာစဥ် ဝူရှဲ့ တစ်ကိုယ်လုံး အေးစက်သွားပါတော့သည်။

ထို့ကြောင့် မှိန်းနေသော ခံစားချက်ကို တွန်းလှန်ပြီး မျက်လုံးများကို ပွတ်သပ်ကာ ဂရုတစိုက် ကြည့်လိုက်သည်။ ပြန်ကြည့်လိုက်တော့ အရိပ်က ပျောက်ကွယ်သွားပြီး ပြတင်းပေါက် နောက်မှာ ဘယ်သူမှ မရှိတော့ပေ။

ထင်ယောင်ထင်မှား ဖြစ်​နေတာလား။ ဝူရှဲ့ မျက်မှောင်ကြုတ်ပြီး အားကွေ့ကို မေးလိုက်၏။ 

"အဲဒီအခန်းနောက်မှာ ဘယ်သူနေတာလဲ?"

အားကွေ့ အဲဒီဘက်ကို ကြည့်ပြီး "သူက ငါ့သားလေ" လို့ ပြောလာ၏။

'အို'

ဝူရှဲ့စိတ်ထဲ မီးရောင်တစ်ခု လတ်သွားသည်။ ပြန်ကြည့်ပေမယ့် ဘာတစ်ခုမှ မမြင်ရတော့ပေ။ သို့နှင့် သူသောက်တာ များသွားလို့ စိတ်ထဲရှိတဲ့ အရာကို မြင်နေတာပဲ ဖြစ်မယ်လို့ တွေးလိုက်သည်။ အချိန်က နောက်ကျနေပြီ။ အားကွေ့ကလည်း သူ့အိမ်ကို ကြည့်ပြီး ပြန်အနားယူချင်တယ်လို့ ပြောလာသည်။

ဖက်တီးသည် စကားလုံးသုံးသောင်းကို ယွမ်၁၀၀၀ ပေးဆောင်မည်ဟု ပြောခဲ့လေရာ အားကွေ့ကလည်း ပိုက်ဆံယူပြီး ပြန်သွားလေသည်။ ဖက်တီးခမျာတော့ စိတ်ဓာတ်ကျလာကာ။

"သောက်ကျိုးနည်း! စာကြောင်းလေး နှစ်ကြောင်းလောက် ပြောတာကို ငါ့မှာ ယွမ်သုံးရာလောက် ကုန်သွားတယ်...လယ်သမားတွေရဲ့ ဉာဏ်ပညာက တကယ်ပဲ အဆုံးမရှိတော့ဘူးပဲ”

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now