Vol 4🐉39🐉ဝမ်းကျင်ရဲ့ သတင်းစကား

150 30 10
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (39)
ဝမ်ကျင်ရဲ့ သတင်းစကား

တင့်ကျူကျောမာက သူ့ကိုတွေ့ချင်တယ်တဲ့လား။

ဝူရှဲ့မှာ ကျားရှီးကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူသည် ထိုအဘွားအိုနှင့် တစ်ခါမှ စကားမပြောဖူးသလို သူမကို မကြာခဏပင် မတွေ့ခဲ့ရသောကြောင့် ရုတ်တရက် သူ့ကို တွေ့ချင်လာတာက အနည်းငယ် ထူးဆန်းသလို ခံစားရစေသည်။

ဒါပေမဲ့ ကျားရှီးရဲ့ အမူအရာက အရမ်းလေးနက်ပြီး ငြင်းလို့မရတဲ့ အရိပ်အယောင်နဲ့ ဖြစ်နေသည်။ သူ့အဖွား တွေ့ချင်နေတဲ့သူကို မခေါ်လာနိုင်ရင် သေဒဏ်ပေးခံရမယ့်ပုံဖြင့် “ကျေးဇူးပြုပြီး ကျွန်​တော်နဲ့ လိုက်ခဲ့ပါ... ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ!” ဟု ဆိုလာသည်။

ဝူရှဲ့ ခဏလောက် အံ့ဩသွားသည်။ သူ့အမူအရာကို ကြည့်ရင်း ငြင်းလို့မရတဲ့ ခံစားချက်ကြောင့် ခေါင်းညိတ်ပြီး ထလာလိုက်သည်။ သူက ချက်ချင်းလှည့်ပြီး သူ့နောက်က လိုက်ခဲ့ခိုင်းလေသည်။

တင့်ကျူကျောမာရဲ့ နားခိုရာ နေရာသည် သူတို့နေရာနှင့် ဝေးသည်။ သူတို့သည် ဆူညံလွန်းသောကြောင့် သူမရဲ့တဲကို ရပ်ထားသော ကားများဖြင့် ခြားထားသည်။ မီတာနှစ်ရာလောက် လမ်းလျှောက်ရင်း သူတို့မီးပုံအနား မရောက်ခင်မှာ ကျောမာနဲ့ သူ့ချွေးမတို့ အိပ်မပျော်သေးတာ တွေ့လိုက်ရသည်။ သူတို့ရှေ့က မြေပြင်မှာ ထူထူထဲထဲ မီးတောက်​​တွေ လောင်နေတာ တွေ့လိုက်ရသည်။

ပြီးတော့ သူတို့နှစ်ယောက်အပြင် မီးပုံဘေးမှာ ခံစားချက်တစ်ခုနဲ့ ထိုင်နေတဲ့လူလည်း ရှိသေးတယ်။ အနီးကပ် ကြည့်လိုက်တော့ အဲဒီလူက မျက်နှာသေ ဖြစ်နေတာကြောင့် ဝူရှဲ့မှာ ပိုလို့တောင် အံ့သြသွားတော့သည်။

မျက်နှာသေက သူ့ဘက်ကို နောက်ကျောဖြင့် မျက်နှာမူထားတာကြောင့် သူ့အမူအရာကို မမြင်ရပေမယ့် မှိတ်တုတ်မှိတ်တုတ် မီးရောင်အောက်မှာတော့ တင့်ကျူကျောမာရဲ့ အမူအရာက နည်းနည်းတော့ ဆိုးသွမ်းနေတာကို တွေ့လိုက်ရသည်။ ညနက်သန်းခေါင်ယံ အချိန်​ကြီးမှာ သူတို့ကို တိတ်တဆိတ် လိုက်ရှာနေတာ ဒီအဘွားကြီး ဘာလုပ်ချင်နေတာလဲလို့ စိတ်ရှုပ်ထွေးစွာနဲ့ တွေးရင်း မီးဖိုဆီသို့ လျှောက်သွားခဲ့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now