ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)Chapter (18)
ဒုတိယည - ပြန်လည်ဆုံစည်းပြီအစကတော့ စခန်းထဲကို လိုက်လာတဲ့ ဝမ်းကျင်လို့ ထင်ခဲ့တာ။ ဒါကြောင့် သူ့ကို ပိတ်ဆို့ဖို့ ကျောက်ခဲတွေနဲ့ ဝင်သွားခဲ့ပေမဲ့ စခန်းထဲကို ဝင်သွားတဲ့ သူက ရွှံ့နွံဖုံးနေတဲ့ အစ်ကိုလေး ဖြစ်နေတာကို တွေ့လိုက်ရလေသည်။
သူ့ပုံပန်းသဏ္ဌာန်က ဝူရှဲ့ကို ထိတ်လန့်စေ၏။ သူ့ဆံပင်တွေ အပါအဝင် တစ်ကိုယ်လုံးနီးပါး ရွှံ့တွေနဲ့ ဖုံးလွှမ်းနေသည်။ ဒဏ်ရာတွေကပါ ရွှံ့တွေဖုံးနေမလား မသိပေမယ့် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအသစ်ရထားတဲ့ ပုံစံမျိုးတော့ မတွေ့ရချေ။ သူ့ပုံစံက မနေ့ညက သူတို့ထက် ပိုသက်တောင့်သက်သာ ရှိနေတာတော့ သိသာလှသည်။
အဲဒီတုန်းက ခံစားချက်ကို မဖော်ပြနိုင်တော့ပေ။ လူက အေးခဲသွားချိန် သူက လှည့်ကြည့်လာတဲ့အခါမှ စိတ်ထဲမှာ သဘောပေါက်ပြီး ကျောက်တုံးကို ပစ်ချလိုက်သည်။
“ကျွန်တော်ထင်နေတာ ခင်ဗျား…ဟိုဟာ....”
သူက ဝူရှဲ့ကို လျစ်လျူရှုပြီး "စားစရာရှိလား" လို့လာ မေးလာ၏။
သူ ရွှံ့အိုင်ထဲသို့ အပြေးဝင်သွားတဲ့ အခါတုန်းက ဘာမှ မသယ်သွားပေ။ သူ့ပုံပန်းသဏ္ဍာန်အရ အစား မစားရသည်မှာ နာရီ ၂၀ ကျော်နေပြီ ဖြစ်ကြောင်း ဝူရှဲ့လည်း ရုတ်တရက် သတိရမိသွားသည်။ ဒါကြောင့် သူ့ကို အပြင်ခေါ်ထုတ်ကာ လက်ဖက်ရည် သောက်ခိုင်းပြီး အစာခြောက်တွေလည်း ပေးလိုက်သည်။ သူက ဘာမှ မပြောဘဲ အခြောက်ကို စားနေကာ မျက်နှာကလည်း ရေခဲကဲ့သို့ အေးစက်နေသည်။
သူစားပြီးတာနဲ့ ဝူရှဲ့လည်း သူ့လက်ကို အဝတ်နဲ့ သုတ်ပေးပြီး သူပြေးလိုက်သွားပြီတော့ ဘာဖြစ်လဲလို့ မေးရင်း သူတို့ကို ဘယ်လို လိုက်မှီခဲ့တာလဲလို့ မေးလိုက်သည်။
သူ့မျက်နှာက ကြည်ကြည်လင်လင် ဖြစ်လာကာ မျက်နှာပေါ်က ရွှံ့တွေကို သုတ်ရင်း ပြတ်ပြတ်သားသား ပြောလိုက်လာခဲ့သည်။ သူပြောခဲ့တာတွေက အရမ်းရိုးရှင်းပြီး တိုတုတ်ပေမယ့် ဝူရှဲ့ နားလည်နေတုန်းပါပဲ။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
TerrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ