ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) End
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (74)
ထိုလူဝူရှဲ့ရဲ့ ပထမဆုံးတုံ့ပြန်မှုက သံသေတ္တာကို အမြန်ကောက်ပြီး ပြေးထွက်ချင်ခဲ့တာပါပဲ။ ဒါပေမဲ့ သေတ္တာက လေးလံလွန်းတော့ တစ်ယောက်တည်း မမြှောက်နိုင်တော့ပေ။ ခြေလှမ်းအနည်းငယ် လှမ်းရင်း ကမန်းကတန်းနဲ့ ထိတ်လန့်သွားပေမယ့် အကြောင်းတစ်ခုခုကြောင့် သေတ္တာက ကြမ်းပြင်ပေါ်မှာ ကပ်နေပြီး မလှုပ်ရှားတော့ချေ။
ခေါင်းမော့ပြီး ပြန်ကြည့်လိုက်တော့ ဝမ်းကျင်က ရွှံ့ထဲက တွားသွားသလိုမျိုး ထိုလူကလည်း ကုတင်အောက်ကနေ တွားထွက်လာတာကို တွေ့လိုက်ရလေသည်။
ဒါက ဖုတ်ကောင် မဟုတ်တဲ့ လူသားဖြစ်တယ်ဆိုတာ ရုတ်တရက် သိလိုက်ပေပယ့်လည်း ဘာလို့အရမ်း ကြောက်နေတာလဲ မသိပေ။ ထိုစဥ် အစောက ဖက်တီး ကစားဖူးတဲ့ ပေါက်ပြားကို တွေးမိသွားပြီး ချက်ချင်း ပြေးထွက်သွားကာ ကောက်ကိုင်၍ ပြန်ပြေး ဝင်လာခဲ့သည်။
ဝူရှဲ့ ပြန်သွားတော့ အဲဒီလူက သံသေတ္တာကို ကောက်ကိုင်ပြီး သူ့ဘက်ကို လာတိုက်နေတာ တွေ့လိုက်ရသည်။ ဝူရှဲ့လည်း ပေါက်ပြားကို ကောက်ကိုင်ပြီး ရိုက်မိပေမယ့် သူက ရှောင်တိမ်းကာ ဝူရှဲ့နောက်ကျောကို တံတောင်နဲ့ တိုက်သွားလေ၏။ ဝူရှဲ့လည်း ပြင်းထန်စွာ နာကျင်သွားတာကြောင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။ အဲဒီနောက် ထိုလူဟာ နောက်ပြန်လှည့်မကြည့်ဘဲ တံခါးဝမှ ပြေးထွက်သွားလေသည်။
ဝူရှဲ့ဟာ မကြာခဏ ရန်ဖြစ်လေ့မရှိသော်လည်း ဇာတိသွေးနှင့် စိတ်နှလုံးထဲက အလွန်ခေါင်းမာသူ ဖြစ်သည်။ ပေါက်ပြားကို ပြန်ကောက်ကာ ဒေါသတကြီးနဲ့ ပြေးလိုက်သွားသည်။
ဝူရှဲ့ ထွက်သွားသည်နှင့် တပြိုင်နက် မျက်လုံးများ တောက်ပနေသော ဖက်တီးက ခြံစည်းရိုး အုတ်တံတိုင်းကြီး၏ တစ်ဖက်တစ်ချက်တွင် ငုတ်တုတ်ထိုင်နေဓ။ ထိုလူသည် အလွန်သန်မာပြီး သံသေတ္တာကို ကိုင်ဆောင်ကာ ဖက်တီးအနောက်မှ ပြေးသွားခဲ့သည်။
"သူ့ကို တား!"
ဝူရှဲ့ အော်လိုက်သည်။ ဖက်တီးက ဘာဖြစ်နေမှန်းကို မသိသေးဘဲ ဝူရှဲ့ကို ပြန်ကြည့်နေ၏။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
رعبVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ