ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (39)
ဂူတွင်းပြဿနာဖက်တီးသည် လျှို့ဝှက်ဆန်းကြယ်စွာ ဆိုနေပြီး ဘေးနားက လူကလည်း လုံးဝ စကားမပြောလာချေ။
ဖက်တီး ဘာလုပ်နေလဲ မသိပေမယ့် မျက်နှာသေရဲ့ သဘောထားက ဆူဖြိုးသူရဲ့ ပြောဆိုချက်ကို မငြင်းပုံပါပဲ။ ဝူရှဲ စိတ်ထဲမှာ သံသယတွေက အထွတ်အထိပ်ကို ရောက်နေပြီ။ လောလောဆယ် စိတ်မပူဖို့ ဆုံးဖြတ်ပြီး ဒီအကြောင်း မပြောခင် မိမိကိုယ်ကို သေချာကြည့်လိုက်သည်။
ဒီအတွေးတွေကို တွေးလိုက်မိပေမယ့် စိတ်က အားအင်တွေနဲ့ ပြည့်နေပါပြီ။ လက်တစ်ဖက်က ဖက်တီးရဲ့ လည်ပင်းကို ထိန်းထားရင်း တုန်လှုပ်စွာနဲ့ ထရပ်လိုက်သည်။
လှိုဏ်ဂူသည် စတုရန်း၃၀ မီတာသာ ကျယ်ဝန်းပြီး မီးတုတ်ကို လှည့်ပတ်ကာ ကြည့်လိုက်ရင်ကို လက်ဖြင့် တူးဖော်ထားသည့် သဲလွန်စများ ရှိနေပြီး တခြားအရာများ မရှိတာကို တွေ့ရပေသည်။ တစ်ခုတည်းသော ထူးခြားချက်မှာ ဤကျောက်တုံးများတွင် မည်သည့်သတ္တုဓာတ်များ ပါနေသနည်း မသိရခြင်းပင်။
ဝူရှဲ သူတို့နောက်ကနေ ရေထဲမှ ဖြတ်၍ လိုက်လာခဲ့သည်။ ဓားနဲ့ ဖြတ်ထားဟန်တူတဲ့ လမ်းကို ဖြတ်လျှောက်ပြီး တစ်ဖက်က အပေါက်ဆီကို လျှောက်သွားခဲ့၏။
ထိုနေရာတွင် မတူညီသော လှိုဏ်ဂူတစ်ခု ရှိပြီး ၎င်းသည် ယခင်က သူလှဲနေခဲ့သည့် ဂူတစ်ခုထက် အနည်းဆုံး နှစ်ဆခန့် တူးဖော်ထားခဲ့သည်။ သံချေးတက်နေသော ကိရိယာများ၊ သစ်သားကြမ်းခင်းများ၊ ခြင်းတောင်းများ၊ အုတ်ပြာပုံများ အများအပြား အပြင် သူ မသိတဲ့ ကျောက်စက်တွေ အများကြီးလည်း ရှိပါသေးသည်။
အံ့သြမိတာကတော့ ဂူရဲ့ထောင့်မှာ ဂူရဲ့ထိပ်ပိုင်းလောက်အထိ မြင့်တဲ့ စင်တွေ အများအပြား ရှိပြီး အဲဒီသံရုပ်တွေကို ၎င်းပေါ်မှာ ချိတ်ထားတာပါပဲ။ ဂူ၏ မျက်နှာကျက်နှင့် နံရံများသည် စိမ်းပြာရောင် အစင်းကြောင်းများဖြင့် ဖုံးလွှမ်းထားပြီး မီးရောင်များအောက်တွင် ပိုမိုကြည်လင်လာလေရာ ဖန်ကို မီးထိုးထားကဲ့သို့ အလင်းရောင်များ ထွက်ပေါ်လာလေသည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ