Vol 5🐉71🐉ဓာတ်ပုံထဲက လျှို့ဝှက်ဆန်းကြယ်မှု

91 12 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (71)
ဓာတ်ပုံထဲက လျှို့ဝှက်ဆန်းကြယ်မှု

အဲဒီအချိန်မှာ ဖက်တီးက ဝူရှဲ့ကို တို့ပြီး မျက်နှာသေဘက်ကို ကြည့်ခိုင်းလေသည်။ ဝူရှဲ့ လှည့်ကြည့်လိုက်တော့ မျက်နှာသေက တိတ်ဆိတ်နေပြီး စာအုပ်တွေကို ဂရုတစိုက် ကိုင်​ကြည့်နေတာကို တွေ့လိုက်ရပေမယ့် သူ့အမူအရာကို ကြည့်ရတာတော့ အနည်းငယ် စိတ်ရှုပ်သွားပုံပေါ်လေ၏။

"တစ်ခုခုကို မှတ်မိလို့လား"

ဝူရှဲ့ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူက စကားမပြောဘဲ ပါးစပ်ကိုသာ ဖွင့်ဟလိုက်သည်။ သို့သော် အသံထွက်လာရမယ့်အသား မျက်မှောင်ကြုတ်သွားသည်။

ဝူရှဲ့ သူ့ဘာသာသူ တွေးလိုက်မိတာက မျက်နှာသေ တစ်ခုခုကို သတိရနေတာလား ဆိုတာပါပဲ။ ဒါကြောင့် သူ့ကို ကျယ်လောင်စွာ မနှောင့်ယှက်ဝံ့တော့ဘဲ အနောက်ကနေ ငြိမ်ငြိမ်လေးပဲ ကြည့်နေလိုက်သည်။ သူက ခေါင်းငိုက်စိုက်စိုက်နဲ့ အခန်းထဲကို လျှောက်သွားနေတာကာ ဝူရှဲ့ကို ရုတ်တရက် လှည့်ပြောလာ၏။

"အဲဒါ ပုံမှန် မဟု​တ်ဘူး"

"ဘာဖြစ်နေတာလဲ" ဖက်တီးကလည်း စိတ်ဝင်တစားနဲ့ မေးသည်။

မျက်နှာသေက မျက်ခုံးတွေကို လက်နဲ့ဖိရင်း အတိတ်ကို မှတ်မိနိုင်ဖို့ စွမ်းအင်အားလုံးကို သုံးနေရသလိုပင်။

"မဟုတ်ဘူး... ဒီအခန်းက ငါ့အတွက် အဆင်မပြေဘူး"

ဝူရှဲ့: "ဒါ ခင်ဗျားအခန်း မဟုတ်ဘူးလား"

သူ ခေါင်းယမ်းလိုက်ပြီး ရုတ်တရက် မျက်လုံးတွေက ကုတင်ပေါ်ကို စူးစိုက်စိုက် ကြည့်နေလေသည်။ ထို့နောက် ချက်ချင်း ငုတ်တုတ်ထိုင်ချလိုက်ပြီး ကုတင်အောက်ကို ကြည့်လိုက်သည်။ ဝုရှဲ့လည်း သူ့အတိုင်း လှဲချလိုက်ရာ ကုတင်အောက်က မှောင်မဲမဲကြီးသာ မြင်နေရ၏။ မျက်နှာသေ ခေါင်းလှည့်ကြည့်လိုက်တော့ ဖက်တီးကလည်း အလိုက်သိစွာဖြင့် သူ့ကို ချက်ချင်း ဓာတ်မီးတစ်လတ့ ပေးလိုက်သည်။ ဓာတ်မီးယူပြီးနောက် သူသည် စတင်တိုက်ခိုက်ပြီး ကုတင်အောက်သို့ ရောက်သွားသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now