Vol 6🐉5🐉တောင်တက်ခရီးစဥ်

79 12 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (5)
တောင်တက်ခရီးစဥ်

ဖန်းမာသားက သက်ပြင်းချလိုက်ပြီး။

“ဒီအကြောင်း ပြောရရင် စိတ်ဓာတ်ကျလာသလိုတောင် ခံစားရတယ်... ကျွန်တော့်အဖေ လက်ထဲမှာ သံအပိုင်းအစ တစ်ခုရှိတယ် သူကအဲဒါကို ရတနာတစ်ခုလို ဝှက်ထားတာ... တောင်ပေါ်ကနေ ကောက်ရတယ်လို့လည်း ပြောတယ်... ရောင်းလို့ရမလားလို့ မေးဖို့ ခရိုင်ကို သွားခိုင်းဖူးတယ် အဲဒါက ပိုက်ဆံတော်တော် ရမှာလေ... အကြောင်းတစ်ခုခုကြောင့် သူ ရူးနေပြီလို့တောင် ထင်ခဲ့တာ ဝယ်ဖို့ လူတစ်ယောက်ကို ရှာတွေ့ခဲ့တယ် စျေးကလည်း မမြင့်ဘူး အဖေက စိတ်လှုပ်ရှားပြီး ရောင်းမလို့ဟာကို ရုတ်တရက်ကြီး ရပ်လိုက်တယ်လေ... ပြီးတော့ အဲချောက်ထဲ လျှောက်သွားနေခဲ့တာ... အခုတော့ ကျွန်တော်ကပဲ ခဏခဏ ဝယ်လက်တွေရဲ့ နှောင့်ယှက်တာကို ခံနေရတာ..."

ဝူရှဲ့ မျက်နှာသေကို ကြည့်လိုက်တော့ မျက်နှာသေဘက်ကလည်း အဓိ​ပ္ပာယ်ပါသော မျက်လုံးများဖြင့် ပြန်ကြည့်လာခဲ့ငည်။ အဖိုးအိုက သူတို့ကြောင့်မဟုတ်ဘဲ ချိန်းထားတာကို ဖျက်လိုက်သလိုပဲ။ ဒါ သူ့ရဲ့အဝေးက တူလေးကို ရှောင်ဖို့လား။ သံတုံး။ အဘိုးကြီးမှာလည်း မျက်နှာသေရဲ့ အိပ်ရာအောက်မှာ တွေ့တဲ့ ပစ္စည်းလို သံတုံး ရှိနေတာလား။

အားကွေ့က ရယ်မောရင်း တစ်ဖက်မှာ ဆေးလိပ်သောက်နေသည်။

"မင်းအဖေဆီက တိတ်တိတ်လေး ခိုးလို့မရဘူးလား.... ပိုက်ဆံနဲ့ ပြောင်းလိုက်ရင် မင်းရမှာပဲလေ.... နောင်မှာ အစိုးရက လာသိမ်းသွားရင် မင်းလည်း တစ်ပြားမှ မရတော့ဘဲ နေမှာနော်"

သားဖြစ်သူက “မရောင်းချင်လို့ မဟုတ်ဘူး... တစ်ခါတုန်းက သူ ဒေါသမထွက်အောင် လွှင့်ပစ်ချင်တယ်လို့ ပြောလိုက်တာနဲ့ ဖွက်ထားလိုက်တော့တာပဲ... အခုထိကို ရှာမတွေ့ဘူး ကိုယ့်ကိုကိုယ်တောင် ပါးရိုက်ချင်နေပြီ ဒါပေမယ့် အဲ့သံတုံးက တကယ်တန်ဖိုးရှိမယ်လို့ မမျှော်လင့်ထားဘူးဆိုရင် ကောင်းကင်က ရွှေဥတစ်လုံးလို့တောင် ထင်မိသွားလိမ့်မယ်... ရောင်းလိုက်ရင် ကျွန်တော်သား ကျောင်းတက်ရမှာ အတွက် သိပ်စိတ်မပူစရာ မလိုတော့ဘူး"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now