Vol 6🐉13🐉အတွေးစစ်ပွဲ

92 17 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (13 )
အတွေးစစ်ပွဲ

ဝူရှဲ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ညှီနံ့ ဖြစ်နေမလားလို့ တွေးမိတာပါပဲ။ ဖန်းမာဟာ တစ်နှစ်ပတ်လုံး အမဲလိုက်နေပြီး အမဲလိုက်သူတွေက အသားနဲ့ ဆက်ဆံတတ်တဲ့အတွက် အသားနံ့က လူအနံ့နဲ့ အတိအကျ ခွဲခြားလို့မရပါဘူး။

မူလက သူ့အတွေးထဲက အနံ့ဖော်ပြချက်ဟာ ယေဘူယျအားဖြင့် "စံပယ်နံ့" သို့မဟုတ် "အနံ့ဆိုးသော ခြေအိတ်များကဲ့သို့ အနံ့" ကဲ့သို့သော အရာဝတ္ထုများအပေါ် အခြေခံ၍ တွေးထားသော အနံ့မျိုးပဲ ဖြစ်သည်။

ဒီအနံ့က "လူသေတွေရဲ့ အနံ့လား" လို့ မေးချင်ပေမယ့် နောက်ဆုံးတော့ သူ ဒီအကြောင်းအရာကို မပြောချင်ဘူးဆိုတာကြောင့် သူ သတိပေးလိုက်တာက ကောင်းကျိုး ရလာမှာတော့ မဟုတ်ချေ။

ထိုအချိန်တုန်းက ဖန်းမာသည် ပို၍ပင် စူးစမ်းချင်စိတ် ပြင်းပြလာသော်လည်း နောက်ပိုင်းတွင် ထိုလူများက သူ့ကို သတိထားလာကာ ထိုသေတ္တာများကို နောက်တစ်ကြိမ် ထိတွေ့ရန် အခွင့်အရေး မ​ပေးလာခဲ့ပေ။ ရွာပြန်ရောက်တော့ ထိုလူအုပ်စုက အမြန်ထွက်သွားပြီး နောက်တော့ မတွေ့ရတော့ပေ။ ဒီအဖြစ်အပျက်က သူ့ကို အမဲလိုက်ဖို့ တောင်တွေကို ရောက်သွားတဲ့အခါတိုင်း အဲဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ရေကန်မှာ ဘာတွေလုပ်နေတာလဲ၊ သူတို့ဘယ်ကလာတာလဲ ဆိုတဲ့ အချက်တွေကို တွေးတောလာစေခဲ့သည်။

ထိုအချိန်တွင် အနာဂတ်တွင် တစ်စုံတစ်ယောက်က ဤကိစ္စနှင့် ပတ်သက်၍ သေချာပေါက် မေးမြန်းမည်ဟု သူ့တွင် ကြိုတင် အတွေး တစ်ခုရှိသော်လည်း ဝူရှဲ့တို့က ဒီလောက် နောက်ကျမှ ရောက်လာမယ်လို့ မမျှော်လင့်ထားပေ။ ဝူရှဲ့တို့ ပေါ်ပေါက်လာဖို့က အနှစ်သုံးဆယ်နီးပါး ကြာခဲ့သည်။

ရေကန်ရဲ့ ပုံသဏ္ဍာန်အကြောင်း သူ့ကို မေးကြည့်တော့ ရေကန်က တူးသလိုမျိုး ရှည်လျားတယ်လို့ ပြောပြသည်။ ပတ်ပတ်လည်မှာ ကျောက်တုံးတွေလည်း ရှိသည်။ တချို့က အရမ်းကြီးချက်က လူတွေထက်တောင် ပိုကြီးကာ တချို့ကျတော့ ကျောက်စရစ်ခဲတွေလောက်တောင် မရှိ။ ရေကန်သည် ထိုနေရာတွင် ရှိပါသေးသော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် ကန်၏ ရေပမာဏသည် လွန်ခဲ့သည့် သုံးနှစ် တစ်ကြိမ် သွားရောက် ကြည့်ရှုခဲ့ရာ ရေကန်သည် ၎င်း၏ မူလအရွယ်အစားရဲ့ ထက်ဝက်ခန့် သေးနေပြီ ဖြစ်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now