ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (59)
ရှာတွေ့ပြီဤအရာများသည် ကြွက်များက အပိုင်းပိုင်းဖြတ်ထားသော ဖိုင်ဟောင်းများဖြစ်ပြီး အမှုန်အမွှားများဖြင့် ဖုံးအုပ်ထားသည်။ ဤအရာများသည် ထိုအချိန်က စာရွက်စာတမ်းဟောင်းများ ဖြစ်နိုင်၏။ ဝူရှဲ စာရွက်တစ်ရွက်ကို အမှတ်တမဲ့ ဆွဲထုတ်လိုက်ရာ သူ့မျက်နှာကို ဖုန်မှုန့်များက ရိုက်ခတ်လာတော့သည်။
တစ်ယောက်ယောက်ကသာ ဒါကို လှန်လိုက်ရင် မတူလောက်တော့ချေ။ ဝူရှဲ ဝမ်းမန်အား ထူးခြားတာ တစ်ခုခုရှိမရှိ သေချာကြည့်ဖို့ တောင်းဆိုလိုက်သည်။
ဝမ်းမန် စာရွက်စာတန်းများ ကြားတွင် ခြေထောက်ချကာ ရှာဖွေလိုက်တော့ မြေပြင်ပေါ်တွင် သပ်ရပ်စွာ ချထားသော စာရွက်အမြောက်အမြားကို တွေ့လိုက်ရသည်။ ၎င်းတို့ကို စတုရန်းပုံအဖြစ် အကွက်လေးခု အနေဖြင့် ဘေးချင်းကပ်လျက် ထားထားသည်။
ဝမ်းမန်: "သူဌေး... ဒါက ဘာကို ဆိုလိုတယ်လို့ ထင်လဲ ဒီလူက ဒီမှာ စာရွက်စာတမ်းတွေကို လိုက်ရှာနေတာ မတ်တပ်ရပ်ရတာ ပင်ပန်းလွန်းလို့ ဒီစာရွက်စာတမ်းတွေကို ခွေးခြေလို လုပ်ထားတာလား "
ဝူရှဲ ခေါင်းညိတ်လိုက်မိသည်။ အမှန်ပင် ထိုအချိန်က အခြေအနေကို တွေးကြည့်မိသလောက်ဆို ထိုလူသည် စာရွက်စာတမ်း ထိုင်ခုံပေါ်တွင် ထိုင်ကာ ပို၍ ဂရုတစိုက် ကြည့်နေခဲ့နိုင်သည်။
ဝူရှဲ ထိုင်ကြည့်ကာ ထိုလူ ထိုင်နေတဲ့အချိန်မှာ သူဘယ်ဘက်ကို မျက်နှာမူနေလဲ ဆိုတာကို ခန့်မှန်းကြည့်ဖို့ ခြေရာတွေအတိုင်း 360 ဒီဂရီ လှည့်ကြည့်လိုက်တော့ ထိုလူဟာ နောက်ဘက်ကို မျက်နှာမူလိုက်တာ တွေ့ရသည်။ ခေါင်းမော့ကြည့်တဲ့အခါ တစ်ဖက်က စင်ဟာ ထိုးထားတဲ့ ဓာတ်မီး အလင်းရောင်တစ်ခုနဲ့ အံကိုက် ဖြစ်သွားတာကို တွေ့လိုက်ရသည်။
မြင်ကွင်းကို ပြန်ကြည့်ရင်း ဓာတ်မီးကို ချလိုက်ပြီး ခြေထောက်ကို တစ်ဖန် ငုံ့ကြည့်လိုက်သည်။ ဖုန်မှုန့်များကို ဖယ်ထုတ်ပြီးနောက် သူ့ရှေ့တွင် စီးကရက်ဘူး အဟောင်းအနည်းငယ်နှင့် စာရွက်စာတမ်း အမြောက်အမြား ပေါ်လာသည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
TerrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ