ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)Chapter (19)
ဖန်သားပြင်ဗီဒီယိုဖမ်းစက်မှာ စက်လှေစခန်း ဧရိယာရှိ သားငါးဈေးတန်းမှ ဝယ်ယူထားသော Panasonic အမျိုးအစား ဖြစ်သည်။ ဦးလေးသုံးရဲ့ အခန်းသို့ ရောက်သွားသောအခါ ဦးလေးသုံးက စက်ကို တပ်ဆင်နေပြီ။ ကံကောင်းထောက်မစွာ ထိုအချိန်က တင်သွင်းလာသော ကုန်ပစ္စည်းများ၏ အရည်အသွေးမှာ အလွန်ကောင်းမွန်သည်။
၎င်းတို့ကို စက်သုံးခုလောက်နဲ့ စမ်းသပ်ပြီးနောက် အသုံးပြု၍ ရနိုင်သည်။ ဝူရှဲ့ အပိုပစ္စည်းကို ချိန်ဆကြည့်လိုက်တော့ အလွန်လေးလံနေတာ တွေ့ရသည်။ ထိုကာလတုန်းက စက်ပစ္စည်းတွေဟာ ပစ္စည်း အစစ်အမှန်တွေ ဖြစ်ကြလေ၏။
ဗွီဒီယို ဖမ်းစက်ကို တပ်ဆင်နေချိန်အတွင်း ဦးလေးသုံးက ဘာစကားမှ မပြောဘဲ ဝူရှဲ့ကို စီးကရက်တစ်လိပ် သောက်ပြီး ထိုင်ခိုင်းထား၏။
ဝူရှဲ့ခမျာ သူ့ရဲ့ အရက်နာကျတဲ့ ခေါင်းကိုက်မှုက တဖြည်းဖြည်း ပိုကောင်းလာပြီး နည်းနည်းတော့ စိတ်ကြည်လာသည်။ တခါတလေ ဒီတိပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေအကြောင်း ကျပန်း ခန့်မှန်းကြည့်နေသည်။ ရှီးရှား အကြောင်းတွေးခဲ့ပေမဲ့ ရှီးရှားကို သွားတဲ့အခါတုန်းက ဗီဒီယိုပစ္စည်းတွေကို ယူလာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
အဲဒီပစ္စည်းတွေက ရှားရှားပါးပါး ဖြစ်ပြီး အဲဒီတုန်းက တရုတ်မှာ အသုံးများတဲ့ ရုပ်ရှင်ကင်မရာတွေ ရှိနေတုန်းပဲ။ ဒါကြောင့် အကြောင်းအရာအရ ဗီဒီယိုတိပ်ထဲတွင် ထိုအချိန်က ရှီးရှားရှိ အရာများကို မရိုက်ခဲ့လောက်ပေ။ ထိုနည်းတူ ကြေးတံခါး နောက်ကွယ်တွင် ရှိနေသော အရာလည်း မဖြစ်နိုင်ပါ။ ဒီနေရာနှစ်ခုကလွဲရင် တိပ်ခွေထဲမှာ ဘာရှိမလဲ ဆိုတာ တကယ်ကို တွေးတောနိုင်တဲ့ သဲလွန်စ မရှိပါဘူး။
TV နှင့် VCR ချိတ်ဆက်ပြီး ပါဝါဖွင့်ပြီးနောက် ဘောက်စ်တစ်ခုအား ကောက်ယူပြီး တိပ်ခွေကို ထည့်ရန် ကြံစည်ခဲ့သည်။ သို့သော် VCR အဖွင့်တွင် မထည့်မီတွင် ထပ်မံ၍ တုံ့ဆိုင်းသွားပါသည်။ ဝူရှဲ့မှာ အကြောင်းတစ်ခုခုကြောင့် ထိတ်လန့်နေရသလို ဦးလေးသုံးအား ကြည့်လိုက်မိသည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ