ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (50)
ဦးလေး၂ဝူရှဲ နိုးလာတဲ့အခါ ယွင်ချိုင်က သူ့ကို ဂရုစိုက်ပေးနေတာ မြင်လိုက်ရသည်။ သူ့ကိုယ်သူလည်း အားကွေ့ရဲ့အခန်းထဲ ပြန်ရောက်နေတာကို တွေ့လိုက်ရပြီး အပြင်မှာကလည်း အရမ်းဆူညံနေကြသည်။
ဒဏ်ရာမရထားပေမယ့် လူက အားနည်းနေသည်။ ဒါကြောင့် ဒီည ကောင်းကောင်း ထပ်အိပ်လိုက်မှသာ ကောင်းလာလိမ့်မယ်။ ယွင်ချိုင်က သူ သတိရလာတာကိုမြင်ပြီး ချက်ချင်းပဲ ရေကမ်းလိုက်ပြီး တစ်စုံတစ်ယောက်ကို ခေါ်ဖို့ အပြင်ထွက်ခဲ့သည်။ မကြာခင်မှာပဲ ဖန့်ကျစ် ဝင်လာပြီး ဘယ်လိုခံစားရလဲလို့ မေးသည်။
ဝူရှဲ ဦးလေးနှစ်ကိုတော့ မတွေ့လိုက်ရပေ။ သူ့မေးခွန်းကို ဖြေမယ့်အစား ဖက်တီး ဘယ်လိုနေလဲလို့သာ မေးလိုက်သည်။ ဖန့်ကျစ်က ထိုဖက်တီးအား ဆေးရုံကို တတ်နိုင်သမျှ အမြန်ဆုံး ပို့လိုက်တယ်လို့ ပြောပေမယ့် သတင်း မရသေးပါဘူး။ သေတော့ မသေနိုင်ဘူးလို့ ဖန့်ကျစ်က အာမခံလေသည်။
ဖန့်ကျစ် ပြောတာကို နားထောင်ပြီးတော့မှ ဝူရှဲလည်း နည်းနည်းတော့ စိတ်သက်သာရာ ရသွားသည်။ ဆေးရုံကို ပို့လိုက်တယ် ဆိုတော့ မျှော်လင့်ချက် ရှိပါသေး၏။
နောက်တစ်ခုက သူတို့ဘာဖြစ်နေတာလဲ။
ဖန့်ကျစ်ကတော့ ဒီကိစ္စက လျှို့ဝှက်ဆန်းကြယ်လို့ ဘာမှ မပြောတော့ဘူးလို့ ဆိုသည်။ နောက်ပြီး ဦးလေးနှစ်ကလည်း ဒီအကြောင်းတွေကို သူ့အား ဝူရှဲ့ထံ ပြောခွင့်မပြုထားဘူးလို့ ဆို၏။ ဒါပေမဲ့ သူပြန်ထွက်လာတဲ့ အခါတုန်းက သူတို့ဟာ ရေကန်ဘေးမှာ ရှိနေကြသည်။ အခု အပြင်မှာလည်း အရမ်းအလုပ်ရှုပ်နေပုံရသည်။
အားကွေ့ ရဲ့အိမ်နားက အုတ်တံတိုင်း အဆောက်အအုံ တော်တော်များများကို ဦးလေးနှစ်က ငှားထားတာ တွေ့ရသည်။ ဦးလေးသုံးရဲ့ ယခင်အဖွဲ့ဝင် အယောက်နှစ်ဆယ်ကျော်အား စောစောက ရေကန်ကမ်းစပ်တွင် သူမြင်ခဲ့ရသည်။ တွေးကြည့်ရာ ဤအချိန်တွင် အားကွေ့ကလည်း ရာနှင့်ချီသော လူများ ရောက်လာပြီး အလုပ်များနေသောကြောင့် သူ့အခြေအနေနဲ့သူ ဘာမှမသိရှာပါဘူး။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ