ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (22)
ကောက်ယူမိတဲ့ မကောင်းဆိုးဝါးဝူရှဲ့ကို ခန့်မှန်းချက်ပေးနိုင်တဲ့ ဖက်တီးရဲ့ အော်သံကြောင့် ဝူရှဲ့ခမျာ ရုတ်တရက် နှလုံးတုန်သွားသလို ခံစားလိုက်ရကာ တစ်ချက် ကြည့်လိုက်ဖို့ မျက်နှာပေါ်က ရေတွေကို သုတ်ပစ်လိုက်သည်။
ဝူရှဲ့ရဲ့ ပထမဆုံး ခံစားချက်ကတော့ မျက်နှာသေ အဲဒီအလောင်းတွေကို ရှာတွေ့နိုင်ခဲ့ပြီဟုပင်။ သူသည် ဖြူဖျော့နေတဲ့ အလောင်းကို တွေ့ဖို့ စိတ်ပြင်ဆင်ထားပြီးသားပါ။ ကံမကောင်းစွာပဲ သူမြင်ခဲ့တာတွေက ဖောင်ပေါ် ပစ်ချထားတဲ့ တောင်တက်အိတ် အရွယ်အစားလောက်ရှိတဲ့ အသေကောင် ဖြစ်နေသည်။
အနီးကပ် ကြည့်လိုက်တော့မှ "နစ်မြုပ်နေခဲ့တဲ့ အလောင်း" ရဲ့ ပတ်လည်မှာ ပုပ်ပွနေပြီး အနက်ရောင် ရွက်ဖျင်တွေ ကြီးထွားလာနေတာကို တွေ့ရလေ၏။ ဒီ "နစ်မြုပ်နေတဲ့ အလောင်း" ဟာ ရေတွေနဲ့ ဖောင်းပွနေပြီး ရေထဲမှာ အချိန်ကြာရှည်စွာ ပုပ်နေခဲ့ပုံပေါ်ပါသည်။
ရေကန်ထဲမှာ မျောနေတဲ့ ဝက်သေတွေနဲ့ ခွေးသေတွေကို မြင်ဖူးသူတိုင်း ဒီအလောင်းတွေ ဘယ်လောက် ရွံရှာစရာကောင်းလဲ ဆိုတာကို သိလိမ့်မည်။ ဝူရှဲ့မှာ ချက်ချင်း မအီမသာ ဖြစ်လာလေပြီး ၎င်းကို ဖောင်ပေါ်ကနေ အမြန် ပြန်ကန်ထုတ်လိုက်သည်။ စိတ်ထဲကလည်း မျက်နှာသေဘာလို့ ဒါကြီးကို သယ်လာတာလဲလို့ တွေးမိသား။
တစ်မီတာကျော်ကျော်လောက် ရေကူးပြီးတာနဲ့ ရေကန်ထဲ စိမ့်ကျလာတဲ့ အလောင်းကောင်ထဲက ရေကို ချက်ချင်း ဆေးကြောပြီးသား ဖြစ်သွားသည်။ ဖက်တီးမှာလည်း နှာခေါင်း ရှုံ့ထားကာ။
“အစ်ကိုလေး... မင်း အရမ်းမိုက်တာပဲ ဒီလောက် ရွံစရာကောင်းတဲ့ ဟာကြီးကို ဘာလို့ ယူလာတာတုန်း"
မျက်နှာသေက ဒါကို အလေးအနက် မထားပေ။ သူက လွင့်သွားတဲ့ အလောင်းကို ဖောင်ပေါ် ပြန်တင်ပြီး အလောင်းထဲက ရေတွေကို ချက်ချင်း ညှစ်ထုတ်ပစ်သည်။ ထို့နောက် ဖောင်ပေါ်ကို လက်နဲ့ ဖိချလိုက်သည်။ အလောင်းကောင်ရဲ့ ခန္ဓာကိုယ်မှ အညစ်အကြောင်းများကို ဆုတ်ခွာပြီး ရေထဲသို့ ပစ်ချလိုက်သည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HororVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ