Omegaverse အကြောင်း
ဒီ universe မှာတော့ အရေးကြီးဆုံးက "မျိုးဆက်ပြန့်ပွားရေး"လို့ မှတ်ထားလိုက်ရင်ရပါပြီ။ တနည်းအားဖြင့် အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်ကို မွေးထုတ်ဖို့ဟာ အာလ်ဖာနဲ့ အိုမယ်ဂါရဲ့ ရည်မှန်းချက်ပါပဲ။
အာလ်ဖာ (alpha) : လူ့အသိုင်းအဝိုင်းမှာ လုပ်ပိုင်ခွင့်အများဆုံး ရထားသူများ, အင်အားသာမက ဉာဏ်ရည်အထိပါ ထက်မြက်ကြတဲ့သူများ။
အိုမယ်ဂါကို ကိုယ်ဝန်ဆောင်အောင် လုပ်ပေးနိုင်ပြီး အများစုကတော့ အင်အားအရမ်းအရမ်းကြီးကြတယ်။ ရနံ့ပြင်းပြင်း (pheromone) ကို ပိုင်ဆိုင်ကြပြီးတော့ "အင်အားကြီး အာလ်ဖာ" နဲ့ "အင်အားနည်း အာလ်ဖာ" ဆိုပြီး နှစ်အုပ်စု ကွဲပါတယ်။ အိုမယ်ဂါကို ကိုယ်ဝန်ဆောင်စေနိုင်တယ်ဆိုတော့ "အဖိုအမ သဘာဝ" မှာ အာလ်ဖာတွေက "အဖို" နေရာကို ယူထားတယ်လို့ မှတ်ယူနိုင်ပါတယ်။
အာလ်ဖာတွေရဲ့ ရနံ့ဟာ များသောအားဖြင့် သစ်ခေါက်ရနံ့ ရှိကြပါတယ်။
အိုမယ်ဂါ (omega) : အာလ်ဖာတွေကို ဆွဲဆောင်နိုင်တဲ့ ရနံ့မွှေးကို ပိုင်ဆိုင်ထားတယ်။ လူ့အသိုင်းအဝိုင်းရဲ့ အထက်စီးမှာ ရှိနေတဲ့ အာလ်ဖာတွေနဲ့ မတူဘဲ အများစု(အင်အားနည်း အိုမယ်ဂါ)တွေဆိုရင် လုပ်ပိုင်ခွင့် လုံးဝ မရှိပါ။ လူရာမဝင်ဘူးလို့ ဆိုလိုချင်တာပါ။ ဒါပေမယ့် အင်အားကြီး အိုမယ်ဂါသာဖြစ်မယ်ဆိုရင်တော့ အခြေအနေတွေ ကွာခြားသွားပါပြီ။ အင်အားကြီး အာလ်ဖာတွေနည်းပါးကို အကျိုးအမြတ်ရရှိနိုင်ပြီးတော့ တန်ဖိုးရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အင်အားကြီး အိုမယ်ဂါဆိုတာ အရမ်းရှားပါတယ်။ အိုမယ်ဂါတွေဆိုတာ အာလ်ဖာရဲ့ ကလေးကို ကိုယ်ဝန်ဆောင်နိုင်ပြီး "အဖိုအမ သဘာဝ"မှာ "အမ" နေရာကို ယူထားတယ်လို့ဆိုနိုင်ပါတယ်။ အိုမယ်ဂါတွေကတော့ များသောအားဖြင့် ရနံ့မွှေးမွှေးကို ပိုင်ဆိုင်တတ်ကြတယ် (ဥပမာ : လီမွန်ရနံ့, မက်မွန်သီးရနံ့)
ဘယ်တာ (beta) : သာမန်လူနီးပါးပါပဲ။ ကိုယ်ဝန်လဲမဆောင်နိုင်သလို pheromone လဲ မရှိပါဘူး။
အာလ်ဖာနဲ့ အိုမယ်ဂါဖြစ်ပြီဆိုပါတော့။ အရေးကြီးတာက အင်အားကြီးလား အင်အားနည်းလား ဆိုတာပါပဲ
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
