[Unicode]
ထယ်ရင်း ဘာပြောလာမလဲဆိုတာကို အရမ်းမျှော်လင့်ထားမိသည်။ အရင်တစ်ခေါက်နဲ့ မတူဘဲ ဒီတစ်ခါတော့ ပါတီပွဲကို ခပ်မိုက်မိုက် ပြင်ဆင်ခဲ့တာမို့ အနည်းဆုံးတော့ 'မင်းကို လျှော့တွက်ခဲ့မိတာပဲ' ဖြစ်ဖြစ် 'ဒီနေ့ပျော်စရာကောင်းခဲ့တယ်'ဖြစ်ဖြစ် တစ်ခွန်းလောက်များ ပြောပေးလေမလား.. ရင်ခုန်ရလွန်းလို့ ရူးတော့မည်။ ချီးကျူးစကားလေးကို မျှော်ရင်း မော့ကြည့်မိတော့ ထယ်ရင်း ပါးစပ်ကထွက်လာတဲ့စကားသည် သူ့ကို အတော်အတန် ရှုပ်ထွေးသွားစေသည်။
"ဘာလို့ စားပွဲနေရာချထားတာတွေက alpha နဲ့ omega တွေရောနေတာလဲ"
ဘာပြောရမှန်းမသိဖြစ်သွားေပမယ့် ပြောစရာစကားမရှိတာမဟုတ်ဘဲ .. ပြောရမယ့်စကားတွေ များလွန်းလို့သာဖြစ်သည်။ အရင်တုန်းက alphaတွေချည်းသက်သက် omegaသက်သက် နေရာချပေးတော့ 'ဧည့်သည်တွေ ကိုယ်တို့ကို ဘယ်လိုတွေးကြမလဲ' ဆိုပြီး ဒေါသထွက်ခဲ့တာ ချောင်းထယ်ရင်းပဲ။
'လာနောက်နေတာလား အခု!'
အဲ့ဒါကြောင့် သေချာဂရုစိုက်ပြီး ထယ်ရင်း လိုချင်တဲ့အတိုင်း alpha သက်သက် omega သက်သက် နေရာချထားပေးခဲ့သည်။ ချောင်းထယ်ရင်းဆိုတဲ့ အင်အားကြီး alpha ဘေးမှာ အင်အားကြီးomega ရှီအွန်းချောပဲ ထိုင်ထိုင်, betaဖြစ်တဲ့ ဆရာအင်ဂွန်းပဲ ထိုင်ထိုင် ကိစ္စမရှိပါ။ အရင်ဘဝက ထယ်ရင်း လိုချင်ခဲ့တဲ့အတိုင်း ဟယ်အာသည် အေးစက်တဲ့ party planner လေး ဖြစ်နေပေးတာပဲ။
အဲ့ဒါကို ထွက်လာတဲ့စကားက 'ဘာလို့ alpha နဲ့ omega ရောနေရတာလဲ' တဲ့လား, ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ထယ်ရင်းအပေါ် ဒေါသထွက်မိတော့မလိုဖြစ်သွားသည်။
"နေရာချထားတာက ဘာဖြစ်လို့လဲ,... alpha နဲ့ omega သက်သက်ခွဲထားရင်လည်း ပြောဦးမှာကိုများ.."
ထွက်လာတဲ့ သူ့အသံက မကျေနပ်မှု နည်းနည်းပါနေသည်။ ပြောချင်တာ ပြောပြီးသွားတော့လည်း ပါးစပ်ထဲ ခါးကျန်ခဲ့သည်။ ထယ်ရင်းကြောင့် မဟုတ်ရင်တောင် ပင်ပန်းခဲ့ရတဲ့ တစ်နေ့တာကို.. အားတင်းပြီး ကုန်ဆုံးခဲ့ရတာကို ထယ်ရင်းကပါ သူ့ဆီ ဒီလိုလာပြောရတယ်ဆိုတော့ ယုံတောင်မယုံနိုင်ပါ။ အနည်းဆုံး ဒီနေ့တစ်နေ့လေးတော့ ဟယ်အာ့ဘက်က နေပေးပေါ့.. တော်တယ်လို့ ချီးကျူးပေးတာ မဟုတ်ဘူး။ ... ထယ်ရင်း မျက်နှာတစ်ခုတည်း ကြည့်ပြီး ပြင်ဆင်ခဲ့ရတဲ့ ပါတီပွဲပဲဟာကို။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
