"မင်းက ငါ့ယောကျ်ားကို ကြိုက်စရာ အကြောင်းမှ မရှိတာ။ ငါ နားလည်မှုလွဲသွားတာ တောင်းပန်ပါတယ်"
စိတ်ထဲမှာတော့...
'ငါကိုက လျှာရှည်ပြီး ခိုင်းမိတာ...'
ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေဆဲဖြစ်သည်။
omega ချင်း မကြိုက်ရဘူးဆိုတာ မရှိပေမယ့် ထယ်ရင်း ဒါကို လျှော့တွက်မိသွားတာဖြစ်သည်။ စကားပြောလည်း နူးညံ့ပြီး ကြင်နာတတ်တဲ့ ဟယ်အာက သူ့ဆီ လူနာလာမေးတဲ့ ရှီအွန်းချောအပေါ်ကို ဘယ်လောက်တောင် ကြင်နာပေးခဲ့မလဲ။ အဲ့လို နှစ်သိမ့်ပေး.. ဂရုစိုက်ပေးရင်းနဲ့ဆိုရင် ဘယ်သူမဆို ချစ်စိတ်ကတော့ ရှိလာမှာပဲ...။
ပြန်စဉ်းစားကြည့်တော့မှ အခုဖြစ်နေတဲ့ အခြေအနေက အွန်းချောတစ်ယောက်တည်းရဲ့ အမှားချည်းပဲ မဟုတ်။
'နောက်ဆို အမြဲတမ်း ကိုယ်တိုင်ပဲ ဂရုစိုက်ရမယ်။ အာ... မဟုတ်ဘူး.. ခရီးထွက်ရင် ဟယ်အာကိုပါ ခေါ်သွားရမယ်'
ဟယ်အာဆီ စိတ်ရောက်သွားတာနဲ့ အွန်းချောနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မတွေးမိတော့လို့ အဲ့အတိုင်း ယောကျ်ားရှိရာ ဆေးရုံခန်းကို လျှောက်သွားမယ်လုပ်တော့..
"အာ! ဘယ်သွားမလို့လဲ... အရူးကောင်"
ရှီအွန်းချောက ထယ်ရင်းရဲ့ လက်မောင်းဆီ လက်လှမ်းလိုက်သည်။ သန့်ရှင်းသပ်ရပ်တဲ့ လက်ချောင်းတွေက လက်မောင်းထူထူပေါ်ကနေ ရှပ်အင်္ကျီကို ဆွဲဆန့်ပြီး နောက်ကို ပြင်းပြင်းထန်ထန် ဆွဲလိုက်သည်။
"ခုမှ သတိပြန်ရလာတဲ့ မင်း ယောကျ်ားကို ပြန်သတိလစ်သွားအောင် လုပ်ချင်လို့လား? ဂန်ဟယ်အာက 'ဟင် ထယ်ရင်းရှီ ပုံစံက ဘာဖြစ်နေတာလဲ? ဘယ်လိုလုပ်ရမလဲ...? ခင်ဗျာ~? အစ်ကိုကြီးကို ရိုက်လာတာဟုတ်လား?"
"...သူ့လို လိုက် အတုမခိုးနဲ့! မင်း ရူးနေတာလား?"
ကြက်သီးထဖွယ် အတုခိုးသံကြောင့် ထယ်ရင်းရဲ့ စကားသံ ကြမ်းတမ်းသွားသည်။ ပိုဆိုးတာက နည်းနည်း ဆင်တူနေတာမို့ပင်။
ဖမ်းဆုပ်ထားတဲ့ လက်မောင်းကို ခါချလိုက်တော့ ရှီအွန်းချောက လွယ်လွယ်ကူကူ လွှတ်ပေးသည်။
ВИ ЧИТАЄТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
РомантикаTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
