လက်ထပ်တဲ့နေ့က နားနေခန်းထဲမှာထိုင်ပြီး "ကျွန်တော် ထယ်ရင်းရှီအပေါ် ကောင်းပါ့မယ်" လို့ နှုတ်ဆက်ခဲ့တဲ့ ဟယ်အာ့ပုံစံကို မှတ်မိသေးသည်။ ဒါပေမဲ့ ဒီလောက်အထိ စိတ်ရင်းနဲ့ပြောခဲ့တယ်ဆိုတာကိုတော့ လုံးဝ မတွေးမိခဲ့ပါ။
ဒါဆို ထယ်ရင်းတို့ မိဘအိမ်ကိုသွားပြီး ထမင်းစားရအောင်လို့ ပြောလိုက်တော့
"ဒါဆို ကျွန်တော်တို့က ကျွေးတာမဟုတ်ဘဲ အဖေတို့အမေတို့ကို အလုပ်ပေးရာ ရောက်သွားပြီလေ!"
နေရာမှာတင် ခုန်ပေါက်ပြီး တားနေတဲ့ ဟယ်အာကို တွေ့လိုက်ရသည်။
"အမယ်လေး.. ထယ်ရင်းရှီက အချိန်ကိုက် စားသောက်ဆိုင်ကို ရောက်လာပေးရင် ရပြီ။ သူတို့ သဘောကျမယ့် ကိုရီးယားစားသောက်ဆိုင်ကောင်းကောင်းတွေ အများကြီး ရှာထားပြီးပြီလို့!"
ဂန်ဟယ်အာရဲ့ အင်္ကျီလက်ကို ခေါက်တင်ပြီး လက်ကောက်ဝတ်ကို စစ်ဆေးချင်စိတ်တွေ တပြပြဖြစ်လာသည်။ တရုတ် စီချွမ်းနယ်က မျက်နှာဖုံးပြောင်း အနုပညာရှင်တွေလိုပဲ သူ့ လက်ကောက်ဝတ်မှာရော မျက်နှာပြောင်းလဲတဲ့ ကိရိယာများ ပါနေမလားလို့ သံသယဝင်မိသည်။ အဲ့လိုမှမဟုတ်ရင် ရုတ်တရက်ကြီး ဒီလို အားအင်တွေပြည့် တက်ကြွပြီး သီချင်းလေး ညည်းနေဖို့ဆိုတာ ယုတ္တိမရှိဘူးလေ။
ဟန်ဆောင်းအဖွဲ့ရဲ့ အငယ်ဆုံးသားလေးဆိုတော့ ဘာမဆို ဝန်ထမ်းတွေကို လွယ်လွယ်ကူကူ ခိုင်းစေတတ်မယ်လို့ ထင်ခဲ့ပေမယ့် ထယ်ရင်း ထင်တာ မှားသွားသည်။ တကယ်လို့ ဆောင်းပါးရေးသူတွေ မြှင့်တင်ပေးတာ မပါဘဲ ဟယ်အာ့ဘာသာ တစ်ယောက်တည်း ပွဲဦးထွက်ခဲ့မယ်ဆိုရင်တောင် "ဂန်ဟယ်အာ" ဟာ အတော်လေး ကောင်းတဲ့ icon တစ်ခု ဖြစ်လာမှာ သေချာပါသည်။ အဲ့လိုသာဆို ထယ်ရင်း သူ့ကို ဒီထက် ပိုပြီး စောစောစီးစီး ကြိုက်ခဲ့မိမှာပါ။
ဆန့်ကျင်ဘက်အနေနဲ့ ဂန်ဟယ်အာ မြင်တဲ့ ထယ်ရင်းရဲ့ ပုံစံက ဘယ်လိုများ ဖြစ်မလဲ... အဲဒီလို ခေါင်းစဉ်ပြောင်းပြီး စဉ်းစားလိုက်တော့ ခေါင်းထဲမှာ မှောင်မိုက်သွားသည်။ ဒီနေ့မနက်တောင် သူ ထယ်ရင်းကို တကယ်ပဲ ကြိုက်တာ ဟုတ်ရဲ့လားဆိုတဲ့ သံသယတွေနဲ့ နိုးလာခဲ့ရတာ။
ESTÁS LEYENDO
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
