[Unicode]
"ပျော်နေလား? သနားလို့ အကူ ခန့်ပေးလိုက်တာကို ဖြုတ်ပစ်ပြီးတော့ .. တော်လှတတ်လှ ပါတီ ကြီးကြီးကျယ်ကျယ် ဖွင့်လိုက်ရတာ အရမ်းပျော်နေတာပေါ့ဟုတ်လား"
ခေါင်းကို အရိုက်ခံလိုက်ရလို့များလားပဲ .. အရင်ကထပ် ပိုတုံးသွားသလိုခံစားရသည်။ ဒေါသမောအပြည့်နဲ့ အစ်ကိုကြီး ပြောလိုက်တဲ့ မေးခွန်းအတွက် အသင့်လျော်ဆံုးအဖြေကို သူ မရှာနိုင်ခဲ့ပေ။
"....အစ်ကိုကြီး.."
ဒီတိုင်းသာ အဓိပ္ပာယ်မရှိ အစ်ကိုကြီးလို့ တစ်ခါခေါ်လိုက်မိတော့ အစ်ကိုကြီးရဲ့ မျက်ခုံးတွေ တွန့်ကွေးသွားသည်။
"ရယ်နေတာပေါ့ဟုတ်လား??"
.... သူ ရယ်လိုက်မိတာလား။ ချက်ချင်း လက်မြှောက်ပြီး နှုတ်ခမ်းဘေးကို ပွတ်လိုက်မိသည်။
"အင်အားနည်း အဆင့်နဲ့များ omega ဖြစ်တာက ဘာများ ကြီးကျယ်နေလို့ ရယ်နေတာလဲ!"
အစ်ကိုကြီးရဲ့ လက်က ချက်ချင်း သူ့ ဆံပင်တွေကို ဆုပ်ပြီး ဆွဲသည်။ အစ်ကိုကြီး လက်မှာ ဝတ်ထားတဲ့ လက်စွပ်မှာ ဆံပင်စတွေ စိတ်ကြိုက် ညှပ်သွားတော့သည်။ တစ်ချက်တည်းနဲ့ အစ်ကိုကြီး ဆွဲတဲ့အတိုင်း သူ့ ခန္ဓာကိုယ်လည်း ကိုင်းကျသွားသည်။ ကျန်တဲ့ လက်တစ်ဖက်ကိုတော့ အစ်ကိုကြီးက စိတ်တိုင်းကျ အသုံးချတော့သည်။ နောက်စေ့ကို ကျလာတဲ့ လက်သီးက အဆက်မပြတ်။
"မင်း စောက်ဆင့်နဲ့ omega ဆိုပြီး ဟိုနေရာဒီနေရာ အနံ့လျှောက်လွှတ်နေတာ.."
"အ..အစ်ကိုကြီး!! အား...!"
"စောက်ရမ်း ရွံတယ်... အညစ်အပတ်"
"..အား.."
မျက်စိရှေ့သည် နီသွားလိုက် ပြာသွားလိုက်နဲ့ ဦးရေပြားတွေ ကျွတ်ထွက်သွားတော့မလို ခံစားရသည်။ စိတ်ပြေတဲ့အထိ ရိုက်ပြီးသွားတော့ အစ်ကိုကြီးက သူ့ကို အားနဲ့ တွန်းထုတ်လိုက်သည်။ အီဟယ်ရဲ့ ဘယ်ဘက်လက်က လက်စွပ်မှာ သူ့ဆံပင်တွေ ရှုပ်ထွေးပြီး ကျွတ်ပါသွားသည်။ ညစ်ပတ်တဲ့အရာတစ်ခုကို ကိုင်လိုက်ရသလိုမျိုးနဲ့ အစ်ကိုကြီးက ဆံပင်တွေကို မြက်ခင်းပေါ် ဖြစ်သလို ခါချသည်။
ВЫ ЧИТАЕТЕ
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
Любовные романыTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
