အပိုင်း (၃၆)

1.9K 214 31
                                        

"...ဂန်ဟယ်အာရှီ?"

ပြာထွက်သွားတဲ့ ထယ်ရင်းရဲ့ မျက်နှာကို မြင်လိုက်ရသည်။ အရေးထဲ 'တော်ပါသေးရဲ့'လို့ တွေးလိုက်မိသေးတယ်။ ဟယ်အာမှန်းမသိလို့ တွန်းလိုက်တာပဲ။

ထယ်ရင်းရဲ့ ခန္ဓာကိုယ်ကြီးသည် အုန်းခနဲ ကျယ်လောင်သော အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ဟယ်အာ့ ခြေဖဝါးရှေ့မှာ ဒူးထောက်ပြီး ပျာယာခတ်နေတဲ့ လက်တစ်ဖက်က ပခုံးကို လာထိလိုက်သလို ခံစားလိုက်ရသည်။ ဒါပေမယ့် ဟယ်အာ လုံးဝ မထနိုင်ဘူး။

စောစောကရိုက်မိတာ ပြင်းလို့တော့ မဟုတ်ပါ။ လက်ဖဝါးနဲ့ ရိုက်မိတဲ့ ပါးတစ်ဖက်ရော နံရံနဲ့ ရိုက်မိတဲ့ ကျောပြင်ရော ထုံနေပေမယ့် ဘာမှမဖြစ်ပါ။ ထယ်ရင်းမှာ အပြစ်မရှိဘူး။ ရနံ့မရှိသေးဘဲ အနောက်ကနေ ချဉ်းကပ်မိတဲ့ ဟယ်အာ့အမှားပါ။

အော်ပြီး လိမ့်ထွက်သွားတာက ဒီတိုင်း လန့်သွားလို့ပါ။

"ဟယ်အာရှီ အဆင်ပြေရဲ့လား"

ဟယ်အာ အဆင်ပြေပါသည်။ သည်းမခံနိုင်လောက်တဲ့အထိ နာတာလည်း မဟုတ်ဘဲနဲ့..

"န... နာတယ်..."

ဟယ်အာ့ ပါးစပ်ကနေ ညည်းတွားသံတစ်ခုထွက်လာသည်  ဘာကြောင့်များ သက်သက် အပိုလုပ်မိလဲဆိုတာ ကိုယ့်လျှာကိုယ်တောင် နားမလည်နိုင်တော့ပေ။ လက်တွေ ထုံကျင်လာပြီး ခန္ဓာကိုယ်လေးလံလာသလို ခံစားလိုက်ရသည် ။ ခြေထောက်နှစ်ဖက်လုံး ပျက်စီးသွားပြီ ထင်ပါသည်။

ထယ်ရင်း ထိတ်လန့်တကြား မတ်တပ်ထရပ်လိုက်တာ ခံစားလိုက်ရပြီး ဟယ်အာ့ လက်နှစ်ဖက်က အလိုလို ခေါင်းပေါ် မြောက်သွားသည်။ မကြာမီ ဖြစ်လာတော့မယ့် အကြမ်းဖက်မှုကို ကာကွယ်သမျိုး လက်နှစ်ဖက်က ခေါင်းကို ကာဆီးလျက်သား။ အမှောင်ရိပ်များအတွင်းမှ ငုံ့ကြည့်နေသော မျက်လုံးတွေက ရူးသွပ်စွာ အေးစက်နေသည်။

ဟယ်အာ အရင်က သိခဲ့တဲ့ ထယ်ရင်းလိုပဲ။

'အားလုံးသိထားပြီးသားလား ဂန်ဟယ်အာရှီ'

ထယ်ရင်းပုံစံက အရင်က မေးဖူးတဲ့ မေးခွန်းကို မေးနေသလိုပဲ။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now