[Unicode]
"ကိုယ်က ဇွတ်အတင်းကြီး လက်ထပ်မယ် လုပ်လို့ မင်း စိတ်ဆိုးသွားတယ်ထင်နေတာ.."
မြင်းစီးအားကစား အကြောင်း အတော်အတန်ကြာလောက် ဆွေးနွေးနေရင်းနဲ့မှ ရုတ်တရက် ထယ်ရင်းက ကြားဖြတ်ပြောသည်။ ကြည့်ကောင်းစွာနဲ့ ပြုံးပြီး မေးလာတာမို့ သူတောင် သတိမထားမိလိုက်ဘဲ လက်နှစ်ဖက်လုံး မြှောက်ပြီး ယမ်းခါလိုက်မိသည်။
"မ.. မဟုတ်ပါဘူး..ကျွန်တော်က စိတ်ဆိုးစရာလား.. လုံးဝ မဆိုးပါဘူး.."
ထယ်ရင်းကို သူ တစ်ခါမှ စိတ်မဆိုးဖူးပေ။ ထယ်ရင်းကြောင့် နာကျင်ရဖူးပြီး ကြောက်ရွံ့ခဲ့ဖူးပေမယ့်... အရမ်းအရမ်းကို နာကျင်ခဲ့ရဖူးပေမယ့်..။ သူ တစ်ခါမှတော့ စိတ်ဆိုးဒေါသမထွက်ဖူးပေ။ ဘာလို့ ဟယ်အာ့ကို နာကျင်စေလဲ ကြောက်ရွံ့စေရတာလဲလို့ မေးရင် ထယ်ရင်းမှာ ဖြေစရာ အကြောင်းအရင်းတွေ ရှိသည်။ အားလုံးကလည်း ဟယ်အာ့ အမှားတွေသာဖြစ်သည်။ ဒီလိုပုံစံနဲ့ သူ့မှာ ဘယ်လိုလုပ်ပြီး ထယ်ရင်းကို စိတ်ဆိုးခွင့် ရှိမှာတဲ့လဲ။
တော်သေးတာပေါ့ဆိုပြီး ထယ်ရင်းက ရယ်သည်။ ကံဆိုးမှုတွေ တစိုးတစိမှ မရှိပါတဲ့ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်တော့မယ့် အမျိုးသားတစ်ယောက်ရဲ့ ရယ်သံဖြစ်သည်။ လေးစားရတဲ့ အဖေကလည်း ကျန်းကျန်းမာမာရှိနေပြီး အမေကလည်း ပိတ်ရက်တွေတိုင်း စိုက်ခင်းသေးသေးလေး ပျိုးရှာသည်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးတွင်းပရောဂျက်အဖြစ် အများသုံးယာဉ်ကို အသုံးပြုစေသည့် ၂၈နှစ်အရွယ် ချောင်းထယ်ရင်းက သူ့အတွက် အရမ်းကို စမတ်ကျလွန်းနေသည်။
မျက်နှာကိုပဲ ကြည့်လိုက်ပါတော့..။ ခရီးတွေထွက်ပြီး အနုပညာသင်ဖို့ နိုင်ငံခြားကို ပညာတော်သင်သွားစရာ မလိုပေ။ ဂရိနတ်ဘုရားတွေအကြောင်း ရေးထားတဲ့ စာအုပ်ထဲမှာ ဖတ်ရတဲ့ Apollo ဆိုတာ လုံးဝ ဒီိလို image ပင်ဖြစ်သည်။ မတူတဲ့အချက်ဆိိိုလို့ ထယ်ရင်းက ကိုရီးယားလူမျိုးဖြစ်နေတာ တစ်ခုတည်းပင်။ အံ့ဩဖို့ကောင်းအောင်ကို ကြည့်ကောင်းပြီး ချောပေမယ့် တစ်ဖက်မှာလည်း အရမ်းအရမ်းကို ကြောက်စရာကောင်းပေသည်။ ဟယ်အာဆိုတာက ထယ်ရင်းပစ်လိုက်တဲ့ ပန်းကန်ပြားနဲ့ ထိပြီး သေဆုံးသွားရတဲ့ ကောင်ငယ်လေးအဖြစ်သာ ထယ်ရင်းရဲ့ ဘဝထဲ ဖြတ်လျှောက်နိုင်သည်။
YOU ARE READING
အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်
RomanceTitle : Beta စမ်းသပ်ခြင်း ပြီးဆုံးပါပြီ Author : ဂင်အာဆို Status : Completed, 126 Chapters + 38 extra chaps Background : modern/ omegaverse/ reincarnation/ rebirth
