အပိုင်း (၁၀၄)

922 148 28
                                        


'ဝူး..' ဖုန်းမြည်သံကြောင့် ထယ်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ ခဏတာ မှောင်မိုက်သွားသော အမြင်အာရုံသည် ပြန်လည် လင်းလက်လာသည်။ ခဏ မောလို့ နားဦးမယ်လုပ်တုန်း ကားထဲမှာ မေ့မျောသွားခဲ့ပုံရသည်။

လက်မှသွေးများ စွန်းထင်းလျက် ဖုန်းကို လှမ်းကိုင်လိုက်ရာ ဘက်ထရီအား နည်းနေကြောင်း အသိပေးချက် ပေါ်လာပြီးနောက် မက်ဆေ့ထဲမှ ပုံတစ်ပုံ ပေါ်လာသည်။

ပုံထဲက ဝိုင်းစက်အောင် မျက်လုံးပြူးနေသော ဟယ်အာနဲ့ ထယ်ရင်း တစ်ခဏချင်း မျက်လုံးချင်းဆုံမိသွားသည်။ စိတ်ကောက်နေသည့် ကလေးတစ်ယောက်လို မျက်နှာထားက မကျေမနပ်ဖြစ်နေပုံရသည်။ ပေးပို့သူအမည် 'ဒုဥက္ကဋ္ဌ ဂန်ဟယ်အင်း' စာတန်းအောက်တွင်..

[ကတိတည်ပါ]

စာသားကို ဖတ်ပြီးသည်နှင့် ဖုန်းမျက်နှာပြင် ပိတ်သွားသည်။ ပါဝါခလုတ်ကို နှစ်ကြိမ်သုံးကြိမ် ဖိနှိပ်ကြည့်သော်လည်း ဘက်ထရီကုန်နေသော ဖုန်းသည် ပြန်မပွင့်လာခဲ့။ ရုတ်တရက် ခေါင်းမူးနေတာတွေ ပျောက်သွားပြီး ဦးခေါင်းအတွင်း၌ ပူနွေးသော သွေးများ ပွင့်ထွက်လာသလို ခံစားရသည်။ သတိပြန်ဝင်လာပြီး ကားစက်နှိုးလိုက်သည်။

တိတ်ဆိတ်စွာ ကားကို မောင်းနှင်ပြီး ဆေးရုံသို့ ရောက်သောအခါ မီးခိုးရောင် နက်ကတိုင်သည် အနက်ရောင် ပြောင်းသွားပြီး အနည်းငယ်တော့ ခေါင်းမူးနေသေးသည်။ စတီယာရင်ပေါ်  သွေးတွေစီးကျနေသောကြောင့် ယာဉ်မောင်းထိုင်ခုံနေရာသည် ဖရိုဖရဲ ဖြစ်နေသည်။

ဆေးရုံဝင်ပေါက်သို့ ရောက်သည်နှင့် သူနာပြုတစ်ဦး အံ့အားသင့်စွာ ပြေးလာသည်။ အရေးပေါ်ခန်းသို့ လမ်းညွှန်ပေးသဖြင့် သူခေါ်ရာနောက် ဆွဲခေါ်ခံရသလို ပါသွားသည်။ ချက်ချင်း ဟယ်အာအခန်းကို သွားတွေ့ဖို့ စဉ်းစားထားသော်လည်း... သူနာပြုက ထယ်ရင်းကို ကုတင်ပေါ် ထိုင်ခိုင်းလိုက်သည်။

'ဟုတ်သားပဲ...'

ဒီလိုပုံစံကြီးနဲ့ သွားရင် သတိရလာတဲ့လူတောင် ပြန်သတိလစ်သွားနိုင်သည်လေ။

ဆရာဝန်က ဘာဖြစ်တာလဲဟု မေးတော့ သင့်လျော်စွာ ရွေးချယ်ထားသော စကားလုံးအနည်းငယ်သာ ပြောပြခဲ့သည်။ ရူးနေသောသူတစ်ဦးက နောက်ကနေ ကြွေစနဲဲ့ လှမ်းခုတ်လိုက်ခြင်းဖြစ်ကြောင်း.. ရဲတိုင်ဖို့တော့ မလိုပေမယ့် ဆေးကုသမှု မှတ်တမ်းတော့ ထုတ်ပေးရန် တောင်းဆိုခဲ့သည်။ လက်ဖဝါးစောင်းမှာ ပေါက်ပြဲနေတဲ့ နေရာကိုတော့ ဆယ့်နှစ်ချက် ချုပ်ရသည်။

အစမ်းပလေးကြည့်ခြင်း ပြီးဆုံး | ဘာသာပြန်Where stories live. Discover now